ပင်လယ်စာတုံယမ်းချဥ်စပ်

ပါဝင်ပစ္စည်းများ

  • ပုဇွန် (သန့်စင်ထား)
  • ကင်းမွန် (အနေတော်တုံးထားပါ )
  • မှို (ကြိုက်သလိုလှီးထားပါ) 
  • ခရမ်းချဉ်သီး (လှီးထားပါ)
  • ငုံးဥ (ပြုတ်ပြီးအခွံခွာထားပါ)
  • ပဲပြား 
  • အပ်မှို
  • ပန်းကော်ဖီ (လှီးထားပါ)
  • မုန်လာဥနီ (လှီးထားပါ)
  • တုံယမ်းအခဲ
  • ငံပြာရည်
  • စပါးလင် 
  • ရှာလကာရည်
  • ကြက်သွန်နီ (လှီးထားပါ)
  • ပဒဲကော(ပါးပါးလှီး)
  • အုန်းသီးတခြမ်း (ခြစ်ပြီးအရည်ညှစ်ထားပါ)
  • ရှောက်နူးရွက်
  • ရှမ်းနံနံ
  • ငရုပ်သီးစိမ်း 
  • ကြက်သွန်မြိတ်


ပြုလုပ်နည်း

1. ပါဝင်ပစ္စည်းများအဆင်သင့်ဖြစ်ပါက မီးဖိုပေါ် အိုးတင် ရေထည့်ကာ ပဒဲကော၊ စပါးလင်၊ ခရမ်းချဉ်သီး၊    ငရုပ်သီးစိမ်း  ထည့်ပြီးတည်ပါ။

2. ရေနွေးဆူလျှင် တုံယမ်းအခဲ၊ ငံပြာရည်၊ ရှာလကာရည်ပုစွန်ထည့် ကာ ကျက်သည်အထိတည်ပါ။

3. ပုစွန်ကျက်ပါက အသီးအရွက်တွေနှင့် ငုံးဥ၊ ပဲပြားတို့ကိုထည့်ပြီး အဖုံးအုပ်တည်ထားပါ။

4. ကျက်ခါနီး ကင်းမွန်၊ အုန်းနို့ထည့်ကာအဖုံးအုပ်ကာပြန်တည်ထားပါ။

5. အနံ့မွှေးလာလျှင် ရှောက်နူးရွက်ထည့်၊ ရှမ်းနံနံပင် ၊ကြက်သွန်မြိတ်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard