ညှပ်ခေါက်ဆွဲ မုန့်ဖတ်လုပ်နည်း

ပါဝင်ပစ္စည်းများ

  • ဆန် မှုန့်                     1  ခွက် 
  • ပြောင်းဖူးမှုန့်           1   ခွက် 
  • ကော်မှုန့်                    1/2 ခွက် 
  • ဆား                          ကော်ဖီဇွန်း တ ဝက် 
  • ရေ နွေး                    6  ခွက် ဆီ
  • သန့်                   1/4 ခွက် 


ပြုလုပ်နည်း

1. ဇလုံ တလုံ  ပါဝင်ပစ္စည်းများကို ထည့်ပါ။ ရိုက်တံ သုံး ပြီး မွှေ ပေးပါ ။ အဓိက တော့ ဆန်မှုန့်၊ ပြောင်းဖူးမှုန့် ၊ ကော်မှုန့် တွေ ရေ ထဲတွင် ပျော်ဝင်နိုင်ဖို့ အခန်း အပူချိန် တွင်မိနစ် ၂၀ ခန့် ထားပေးပါ။

2.  အဝ ကျယ်တဲ့ ရေနွေး အိုး  တည် ထားပါ။ ရေနွေးငွေ့ ကို အသုံးပြု တာ မို့ ပါ။ မိမိ အသုံး ပြု မဲ့ ဗန်း (သို့ ) စောက်နက်သည့် ပန်းကန်မှာ ဆီ သုတ် ထားပါ။

3. မိနစ် ၂၀ ခန့် စောင့် ပြီး။ ဆန် နှစ် ကို ဗန်း ထဲ ထည့် ပါ။ မိမိ သုံးတဲ့ ဗန်း ပေါ်မူတည် ပြီး ခေါက်ဆွဲ ရဲ့ အထူ အပါး ကို ချိန်ပြီး ဆန်အနှစ် ကို ခပ်ထည့်ပါ။

4. ဗန်းကို တည်ထားသည့် ရေနွေးအိုးထဲ ၃  မိနစ်ခန့်  အဖုံး ပိတ်ထားပါ။

5. ပြီးလျှင် ဗန်းကိုအိုးအပြင်ထုတ် ၃မိနစ်ခန့် အအေးခံကာ ခေါက်ဆွဲပြား ကို အသာ လေး ထုတ် ပါ။

6. မိမိ လိုချင်သည့် အနေအထားအလျောက် ခေါက်ဆွဲပြား အကြီး ၊ အသေး လိုက် ဓါး နဲ့ ဖြတ် ကတ်ကြေး နဲ့ ညှပ် လိုက်ယူပါက ဆန်ပြား (ညှပ်)  ခေါက်ဆွဲ ရပါပြီ။



No comments:

Post a Comment

@templatesyard