ပါဝင်ပစ္စည်းများ
- ကောက်ရိုးမှို................၁၀ကျပ်သား
- ကန်စွန်းရွက်................၂စည်း
- ကြက်သွန်ဖြူ................ ၃တက်
- ကြက်သွန်နီ.................၁ခြမ်း
- ငရုတ်တောင့်နီ..............၂တောင့်
ပြင်ဆင်ချက်ပြုတ်နည်း
1. ကောက်ရိုးမှိုတွေကိုသန့်စင်ပြီးရေဆေးပါ။
2. ရေဆေးပြီးမှ ထက်ခြမ်း(သို့) လေးစိတ်ခြမ်းပါ။ထက်ခြမ်းခွဲပြီးမှရေဆေးခြင်းကိုရှောင်ကြဉ်ပါ။
3. ကန်စွန်းရွက်တွေကိုအရိုး၊အရွက်ခွဲပြီးခြွေပါ။
4. ရေဆေးသန့်စင်ပြီးလျှင်အရိုးတွေကိုဓားပြားရိုက်ပြီးလှီးဖြတ်ပါ။
5. ကြက်သွန်နီကိုရှစ်စိတ်လှီးပြီးကြက်သွန်ဖြူ ကိုဓားပြားရိုက်ထားပါ။
6. ငရုတ်သီးစိမ်းနီကိုထက်ခြမ်းခွဲထားပါ။
7. ဒယ်အိုးတစ်လုံးကိုဆီပါသည်ဆိုရုံလေးနှင့်အပူပေးပြီးမှိုတွေထည့်ပြီးလှိမ့်ကာပြန်ဆယ်ထားပါ။
8. ဆီကိုနောက်တစ်ကြိမ်ပြန်အပူပေးပြီးဆားအနည်းငယ်ကိုဦးစွာထည့်ပါ(ကန်စွန်းရွက်များမမည်းစေရန်)။
9. ကြက်သွန်နီ၊ ဖြူ ၊ ငရုတ်သီးစိမ်းတို့ကိုဆီသတ်ပါ။
10. ကန်စွန်းရွက်တွေထည့်ကြော်ပါ။
11. ဆား၊သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီတို့ဖြင့်အရသာ ဖြည့်စွက်ပါ။
12. လှိမ့်ထားတဲ့မှိုတွေထည့်ပြီးသမအောင်မွှေပေးပါ။
မှတ်ချက်။ ကန်စွန်းရွက်စကြော်သည့်အချိန်မှစတင်ပြီး(၅)မိနစ်အတွင်းအမြန်ကြော်ရန်ဖြစ်ပါသည်။
No comments:
Post a Comment