ပါဝင်ပစ္စည်းများ
- ကြက်ခုတ်သား - ၅၀သား
- ကြွက်နားရွက်မှို - ၅ခု
- မုန်လာဥနီ - ၃ လုံး
- ကြက်သွန်ဖြူအတက်ကြီး - ၁၀တက်ခန့်
- ဂျင်း - ၁တက်
- ကြက်သွန်မြိတ် - ၄ပင်
- ရှာကော + ပါကောမှုန့် - ၁ဇွန်း
- ပဲငံပြာအကြည်ရည် - ၂ ဇွန်း
- ခရုဆီ - ဇွန်း
- သကြား - ၁ ဇွန်း
ချက်ပြုတ်နည်း
1. အရွယ်တော်ခုတ်ထားတဲ့ကြက်သားတွေကိုရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့နှင့်အရသာနှပ် ထားပါ။
2. ရေစိမ်ထားတဲ့ကြွက်နားရွက်မှိုမည်းတွကိုအညှာသင်ပြီးသင့်တော်သလိုခပ်ကြီးကြီးလှီးဖြတ်ပါ။ရေနွေးဆူဆူ မှာ (၅)မိနစ်ခန့်ပြုတ်ပြီးရေစစ်ထားပါ။
3. မုန်လာဥနီကိုအခွံခွါပြီးကြက်သားတုံးအရွယ်နီးနီးခပ်ကြမ်းကြမ်းလှီးဖြတ်ပါ။
4. ကြက်သွန်ဖြူ တွေကိုလည်းအခွံခွာပြီးရေဆေးထားပါ။ချင်းကိုထက်ခြမ်းခွဲပြီးပါးပါးလှီးပါ။
5. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(၂) ဇွန်းခန့်ကို အပူပေးပြီးမုန်လာဥနီနှင့် ကြက်သွန်ဖြူ တွေကိုဆီသတ်ပြီး စစ်ထားပါ။
6. ထိုဆီထဲမှာပဲ ချင်းပြားတွေကိုဆီသတ်ပါ။ မွှေးလာလျှင်ကြက်သားတွေထည့်ဆီသတ်ပါ။ တရုတ်မဆလာ (ရှောက်ကောပါကော)ထည့်ပြီးဆီသတ်ပါ။
7. ကြက်သားအပေါ်ယံကြောတွေတင်းလာပြီဆိုရင်ရေလေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။
8. ကြက်သားတွေရေခမ်းပြီးအနံ့မွှေး၊တစ်၀က်ကျက်လောက်အချိန်မှာ ကြော်ပြီးဆီစစ်ထားတဲ့မုန်လာဥနီနဲ့ ကြက်သွန်ဖြူ တွေထည့်ပါ။
9. ကြွက်နားရွက်မှိုတွေကိုလည်းထည့်ပေးပါ။
10. သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။
11. အားလုံးဆတူနီးပါးနှုးလာလျှင်ကြက်သွန်မြိတ်လေးများအုပ်ပေးပါ။
No comments:
Post a Comment