ပါဝင်ပစ္စည်းများ
- ငါးဘတ်ခေါင်းကြီးကြီး
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ကိုင်းခရမ်းချဉ်သီးမှည့်
- မန်ကျည်းသီးစိမ်းရင့်ရင့်
- နံနံပင်
- ငရုတ်သီးစိမ်း
- ကုလားအော်သီး
ချက်ပြုတ်နည်း
1. ပထမဆုံးအသားပါအောင်ခုတ်ထားတဲ့ငါးဘတ်ခေါင်းနှစ်ခုကိုရေဆေးသန့်စင်ပြီးထက်ခြမ်းပိုင်းပါ။ ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာနယ်ပြီးနှပ်ထားပေးပါ။ထိုစဉ်အချိန်အတွင်းမန်ကျည်းသီးစိမ်းကိုရေအနည်းငယ်နှင့် ပျော်အောင်ပြုတ်ပေးပြီးအရည်လေးကိုသာစစ်ယူထားပါ။
2. ကြက်သွန်နီနှင့်ကြက်သွန်ဖြူ ကိုခပ်ကြမ်းကြမ်းလေးထောင်းပါ။
3. ကိုင်းခရမ်းချဉ်သီးမှည့် ကိုလေးစိတ်လှီးပါ။ငရုတ်သီးစိမ်းတွေကိုအညှာခြွေပြီးနံနံပင်တွေကိုသန့်စင်ထားပါ။
4. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားတဲ့ကြက်သွန်အရောကိုနနွင်းမှုန့်၊ အရောင်တင် မှုန့်အနည်းငယ်တို့နှင့်ဆီသတ်ပါ။
5. အနည်းငယ်မွှေးလာလျှင်ကိုင်းခရမ်းချဉ်သီးတွေထည့်ပါ။(ကိုင်းခရမ်းချဉ်သီးတွေကိုကြေအောင်မမွှေရ) ခရမ်းချဉ်သီးတွေအနည်းငယ်မွှေးလာပြီဆိုတာနှင့်အရသာနယ်ထားတဲ့ငါးဘတ်ခေါင်းနှင့်ငရုတ်သီးစိမ်းတွေ ကိုထည့်ပါ။
6. လုံးတဲ့ပုံစံဖြင့်သမသွားအောင်(၃)မိနစ်ခန့်ဖြည်းညင်းစွာမွှေပေးပါ။
7. ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။
8. စစ်ထားတဲ့မန်ကျည်းသီးအစိမ်းရည်လေးကိုဘေးပတ်လည်ကနေလောင်းထည့်ပေးပါ၊မန်ကျည်းရည်ထည့် ပြီးချိန်ကစပြီးမီးရှိန်လျှော့ချပါ။အဖုံးပိတ်ထားပါ။(လုံးဝမမွှေရပါ)
9. (၁၀)မိနစ်ခန့်ထိုပုံစံဖြင့်နှပ်ချက်ထားပြီးမှအဖုံးဖွင့်ကာနံနံပင်တွေအုပ်ပေးပါ။
10. ထမင်းပူပူလေးမှာ ချို ၊ချဉ်လေးဆမ်းနှပ်ပြီးအချဉ်ရည်ပြည့်ဝနေတဲ့ငရုတ်သီးစိမ်းလေးတွေနဲ့ နယ်ဖတ် စားရင်တော့ဖြင့်ထမင်းမြိန်စေမှာပါ။
No comments:
Post a Comment