ပါ၀င်ပစ္စည်းများ
- သင်္ဘောသီးစိမ်း
- ပုဇွန်ခြောက်
- မြေပဲလှော်
- ငရုတ်သီးစိမ်း
- ထန်းလျှက်ခဲ
- ကြက်သွန်ဖြူ
- ဆား
- ပဲတောင့်ရှည်
- ခရမ်းချဉ်သီး
- သံပုရာသီး
ပြုလုပ်နည်း
1. သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
2. ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
3. ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။
4. မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။
5. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။
6. ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။
7. ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။
8. ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။ ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။ ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင် ရပါပြီ။ သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။
9. ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
10. သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။
11. ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။
12. စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
No comments:
Post a Comment