ပါဝင်ပစ္စည်းများ
- ကြက်သား – ၂၀ဝ ဂရမ်
- ကြက်သွန်နီ – ၁ လုံး
- ကြက်သွန်ဖြူ – ၅ မြွှာ
- ခရုဆီ – စားပွဲဇွန်း ၃ ဇွန်း
- ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အနောက် – စားပွဲတင်ဇွန်း ၂ ဇွန်း
- ကော်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် – အနည်းငယ်
- သကြား – အနည်းငယ်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- နံနံပင် – အနည်းငယ်
- နှမ်း – စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူကြော် – စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျုံခေါက်ဆွဲ (အစို) – ၆၀ ဂရမ်
- ကြက်သွန်မြိတ် – အနည်းငယ်
ပြုလုပ်နည်း
1. ခေါက်ဆွဲကို ရေနွေးဆူဆူထဲမှာ ဆားအနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့်
ပြုတ်ပါ။ ပြီးလျှင် ရေစစ်ပြီး ခေါက်ဆွဲ မကပ်အောင် ခေါက်ဆွဲကို
ဆီနည်းနည်းဖြင့် နယ်ပြီး အအေးခံထားပါ။
အနှစ်ချက်ရန်အတွက်
1. ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး ဆီ စားပွဲဇွန်း ၂ ဇွန်းဖြင့် ဆီသတ်ပါ။
အနံ့မွှေးလာပြီဆိုလျှင် ကြက်သား စဉ်းကောသားများထည့်ပြီး ဆီသတ်ပါ။ ခရုဆီ၊ ပဲငံပြာရည် (ကြည်/နောက်) များ ထည့်ပေးပါ။ ဆော့စ်ရအောင်
ရေအနည်းငယ်ထည့်ပေးပါ။ အနံ့ အရသာရပြီဆိုလျှင် နံနံပင်ကို နုပ်နုပ်စဉ်းပြီး
ထည့်ပါ။ ကော်မှုန့်ကို ရေဖျော် ပြီး ထည့်ပါ။ ဆော့စ်အနေအထားရပြီဆို
ခေါက်ဆွဲနှင့် ရောပြီး ကြက်သွန်မြိတ် (ပါးပါးလှီး)၊ နှမ်းနှင့်
ကြက်သွန် ဖြူကြော်တို့ကို ဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment