ပါဝင်ပစ္စည်းများ
- မြီးရှည်ခြောက်....................၁ထုပ်
- ကြက်သား(သို့)ဝက်သား......၃၀ကျပ်သား
- ပဲငါးပိ..............................အနည်းငယ်
- ကော်ရည်.........................တစ်ပန်းကန်
- ဆီချက်............................လိုအပ်သလို
- ကြက်သွန်မြိတ်
- နံနံပင်
- ငရုတ်ကောင်းမှုန့်၊
- ကြက်သွန်ဖြူအကြွပ်ကြော်
- ကြက်သွန်နီကြွပ်ကြော်
- ပဲပင်ပေါက်...........အနည်းငယ်
ချက်ပြုတ်နည်း
1. မြီးရှည်ခြောက် ကိုအနည်းဆုံးနာရီဝက်ခန့်ကြိုတင်ရေစိမ်ထားပါ။ အစိုဖတ်ရနိူင်လျှင်ပိုကောင်းပါသည်။
2. အသားကိုနှုးအောင်ပြုတ်ပြီးနုပ်နုပ်စဉ်းပါ။ (ဝက်သားသုံးမယ်ဆိုရင်တော့သုံးထပ်သားလေးကိုအသုံးပြု စေလိုပါတယ်။)
3. ကော်ရည်ကြိုရန်အတွက်
ရေလီတာဝက်ခန့်ကိုအပူပေးပါ။ပဲငံပြာရည်၊ဆား၊သကြား၊ရှာလကာရည် အနည်း ငယ်တို့ဖြင့် အရသာသွင်းပါ။ ကော်မှုန့်ကိုအရည်ဖျော်ပြီးထည့်မွှေပေးပါ။(အရောင်လေးနဲ့လှပစေလိုရင်တော့ ငရုတ်ဆီအနှစ်(၁)ဇွန်းလောက် ကိုအသုံးပြုနိူင်ပါတယ်။)
4. ကြက်သွန်မြိတ်၊နံနံပင်တို့ကိုပါးပါးလှီးပါ။မုန့်ကြွပ်ကြော်၊ကြက်သွန်နီကြော်တို့ကိုပြင်ဆင်ပါ။
5. စားသုံးတော့မယ်ဆိုရင်ပဲပင်ပေါက်အနည်းငယ်နင့်မုန့်ဖတ်(၁)ပွဲစာကိုရေနွေးဆူဆူမှာပြုတ်ပါ။
6. ပြင်ဆင်မယ့် ပန်းကန်ထဲပြောင်းထည့်ပါ။ ပဲငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်၊ ရှာလကာရည်တို့ဖြင့် အရသာသွင်းပါ။
7. အသင့်ကျိုထားတဲ့ကော်ရည်ကို အရည်သောက်(၁)ဇွန်းစာခန့်ဖြန့်ထည့်ပါ။
8. ပဲငါးပိကိုမိမိနှစ်သက်သလိုထည့်ပါ။ဆီခက်အနည်းငယ်ထည့်ပါ။
9. ပြုတ်ပြီးနုပ်နုပ်စဉ်းထားတဲ့အသား(၁)ဇွန်းခန့်ထည့်ပါ။
10. ကြက်သွန်မြိတ်၊နံနံပင်၊မုန့်အကြွပ်ကြော်၊ကြက်သွန်နီကြော်တို့ဖြူးပေးပါ။
11. ငရုတ်ကောင်းမှုန့်လေးဖြူးပြီးရင်စားသုံးရန်နိုင်ပါပြီ။
ရှမ်းချဉ်၊ဟင်းချိုရည်၊ဝက်ခေါက်ကြော်(သို့)နံပွကြော်၊ဝက်သားချဉ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။
No comments:
Post a Comment