- ကြက်အသား ၃၀၀ ဂရမ်
- ကြာညို(ပဲငံပြာရည်အကြည်) ၁ဇွန်း(စားပွဲတင်)
- ငါးမျိုးစပ်မာဆလာ ၁ဇွန်း(အချိုဇွန်း)
- ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
- သကြား၁ဇွန်း(စားပွဲတင်)
- ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ
1. ကြက်သားကို
ကြာညို(ပဲငံပြာရည်အကြည်) ၁ဇွန်း(စားပွဲတင်)၊ five spice powder
၁ဇွန်း(အချိုဇွန်း)၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊
သကြား၁ဇွန်း(စားပွဲတင်)တို့ဖြင့်နယ်ထားပါ။
2. ဆီပူတွင် ထောင်းထားပြီးသား
ကြက်သွန်နီ၊ ဖြူများ ဆီသတ်ပြီး ရွှေဝါရောင်သန်းတဲ့အခါ ကြက်သားများ
ထဲ့ပြီးလုံးပါ။ ရေလီတာဝက်ခန့်ထဲ့ပြီးအဖုံးအုပ်ထားလိုက်ပါ။ ဆီပြန်ရင်ရပါပြီ။
အစာပလာများ
ငရုတ်သီးဆီချက်
-ငရုတ်သီးလှော်မှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးခြမ်း၅ဇွန်း(စားပွဲတင်)
ငရုတ်သီးမှုန့်၁ဇွန်း၊ ငရုတ်သီးခွဲခြမ်း၃ဇွန်းတို့ရောပြီးဆီသတ်ထားပါ။
ရှောက်ကောဆီချက်
ရှောက်ကောပတ်ကော
၃လုံးခန့်ထုခွဲကာ အတွင်မှအဆံများနဲ့နာနတ်သီး ၃ပွင့်၊ သစ်ဂျပိုးခေါက်
၁ခေါက် တို့ကို ဆီပူမှာထဲ့ကြော်ကာ ဆီမွှေးချက်ထားပါ။
နှမ်းဆီချက်
ဆီပူတွင် နှမ်း၂ဇွန်း(စားပွဲတင်) ထဲ့ကာ ခွက်တခွက်ထဲဖယ်ထားပါ။
ချက်ပြုတ်နည်း
- ကြက်သွန်ဖြူဆီသတ်ထားပါ။
- မြေပဲစံလှော်ထောင်းထားပါ။
- ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။
- ဆီတိုဖူး ၃တုံးလောက် ရေနွေးတဇွန်းခန့်ထဲ့ဖျောထားပါ။
- ပဲရွက်အစား Spinach ကိုသုံးပါတယ်။ရေနွေးဖျောထားပါတယ်။
- ကြက်ပြုတ်ရေပူပူတည်ထားပါ။ ပွက်ပွက်ဆူရင် ငရုတ်ကောင်းခတ်ပါ။
- မုန့်ပန်းကန်တွင် ဟင်းရေပူပူတွင်နှစ်ထားပြီး နူးနေသောဆန် ခေါက်ဆွဲ တပန်းကန်စာ ထဲ့ပါ။ ကြက်သားဟင်း(လိုသလောက်)၊ဆီတိုဖူး ၊ မြေပဲစံ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူဆီချက်၊ ရှောက်ကောဆီချက် တို့အနဲငယ်စီ ထဲ့ပါ။ ဟင်းရေပူပူ လောင်းထဲ့ပါ။ Spinach ရေနွေးဖျောလေးများထဲ့ပါ။ ဟင်းရေပူပူ ၊ရှမ်းချဉ်တို့နှင့်တွဲ၍ စားသုံးလို့ရပါပြီ။
ခေါက်ဆွဲကိုပြုတ်ပြီးနူးတဲ့အခါ
အထက်ပါအတိုင်း အရည်ကလွဲ၍အစာပလာများထဲ့ကာ
ရှမ်းခေါက်ဆွဲသုတ် အနေနဲ့စားနိုင်ပါသည်။ တွဲဖက်အနေဖြင့်
ငရုတ်ကောင်းမှုန့်ခတ်ထားသော ဟင်းချိုပူပူဖြင့် စားသုံးနိုင်ပါပြီ။
No comments:
Post a Comment