ပါဝင်ပစ္စည်းများ (၅ပွဲစာ)
- ဝက်သားအသားချည်း ၅၀၀ ဂရမ်
- ကြာညို့ ၄ဇွန်း( စားပွဲတင်ဇွန်း)
- ဆား၁ဇွန်း(အချိုဇွန်း)
- ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
- သကြား၁ဇွန်း( အချိုစားဇွန်း)
- ဂျုံခေါက်ဆွဲပြား ( ၅ပွဲစာ)
- ပဲပင်ပေါက်
- ဆီစိမ်း
- ကြက်သွန်မြိတ်
ဆော့အရည်လုပ်ရန်
- ဆား ၂ဇွန်း (အချိုဇွန်း)
- ကြာညို ၅ဇွန်း (စားပွဲတင်)
- ကြက်သွန်ဖြူ ၃ဥ (ဓားပြားရိုက်ပါးပါးလှီး)
- ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း)
- ရေနွေးပွက်ပွက် ၃ဇွန်းခန့် (စားပွဲတင်)
ချက်ပြုတ်နည်း
1. ဝက်သားကို
ဆား၊ ကြက်သားမှုန့်ဖြင့်နယ်ပြီး ခဏအကြာ ရေမြုပ်အောင်ထားပြီးပြုတ်ပေးပါ။
နူးလာပြီဆိုရင် ဆယ်ပြီးအအေးခဏခံထားပါ။ အနည်းငယ်အအေးခံ၍ကြာညို့၊ သကြားတို့ဖြင့် ဆုပ်နယ်ထားပေးပါ။ ၁၅ မိနစ် ခန့် နယ်ပြီးရင်
ဆီဒယ်အပူတွင် ရဲနေအောင်လှိမ့်ကြော်ပေးပါ။ ဝက်သားအဆင်သင့်ဖြစ်ပါပြီ။
2. ဝက်သားလေးများကိုအပြားလိုက်လေးများဖြစ်အောင်လှီးထားပါ။
3. ဆီချက်လုပ်မဲ့ ဂျုံခေါက်ဆွဲကို ဆီပူတွင် ကျွတ်နေအောင်ကြော်ထားပါ။
3. ဆီချက်လုပ်မဲ့ ဂျုံခေါက်ဆွဲကို ဆီပူတွင် ကျွတ်နေအောင်ကြော်ထားပါ။
4. ပဲပင်ပေါက်လေးများကိုရေနွေးဖျောပေးထားပါ။
5. ခေါက်ဆွဲကိုမစားခင် ကျက်ရုံပြုတ်ပြီးရေအေးဆေးချထားပေးပါ။ စားခါနီးမှာ ရေနွေးလေးနဲ့ပြန်စိမ်ပါ။
5. ခေါက်ဆွဲကိုမစားခင် ကျက်ရုံပြုတ်ပြီးရေအေးဆေးချထားပေးပါ။ စားခါနီးမှာ ရေနွေးလေးနဲ့ပြန်စိမ်ပါ။
ခေါက်ဆွဲပွဲပြင်နည်း
1. ပန်းကန်ထဲတွင် ခေါက်ဆွဲဖတ်လေးများကို ရေမစစ်တစစ်အနေနဲ့ ထဲ့လိုက်ပါ။
1. ပန်းကန်ထဲတွင် ခေါက်ဆွဲဖတ်လေးများကို ရေမစစ်တစစ်အနေနဲ့ ထဲ့လိုက်ပါ။
2. ပြုလုပ်ထားသောဆော့အရည်ကို ထမင်းစာဇွန်းနဲ့ ၃ဇွန်း ခန့်ထဲ့မွှေပေးပါ။ ဆီစိမ်း၊ပဲပင်ပေါက်၊ကြက်သွန် မြိတ်များဖြူးကာ မုန့်ကျွတ်လေးများကိုလဲချေထဲ့ပေးပါ။ လှီးထားသောအသားပြားလေးများထည့်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment