ဝက်သားစတူး
ပါဝင်ပစ္စည်းများ
- ဝက်သား....၂၅ကျပ်သား ၃၀သား
- ထိုင်ဝမ်မုန်ညင်း/ကန်စွန်းရွက်
- ကြက်သွန်မြိတ်....၂ပင်
- ကြက်သွန်ဖြူ .. တစ်လုံး
- ဂျင်း...လက်တဆစ်
- သစ်ဂျပိုးခေါက်..လက်၂ဆစ်ခန့်
- နာနတ်ပွင့် ... ၂ပွင့်
- ပဲငံပြာရည်.အကြည်/အနောက်
- ဟင်းချက်အရက်
- တရုတ်မဆလာတို့လိုအပ်ပါတယ်
ဝက်ခြေထောက်စတူး
အရွက်မှာ
လက်ဖတ် ၊ အသီးမှာ သရက် ၊ အသားမှာ ဝက်ဆိုတဲ့အတိုင်း ဝက်သားဆိုတာ
လူတိုင်းနီးပါး ကြိုက်ကြတဲ့ အသားတစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ ဝက်သားထဲမှာ
ဝက်စတူးဆိုရင် ဒီလိုမိုးအေးအေးမှာ စားလို့ကောင်းလှတာမိုလို့
လူကြိုက်များလှပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်ခြေထောက် - ၅၀သား
- ပဲငံပြာရည်အနောက် - စာပွဲတင်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အကြည့် - စာပွဲတင်ဇွန်း တစ်ဇွန်း
- ဟင်းချက်ဝိုင် - စာပွဲတင်ဇွန်း နှစ်ဇွန်း
- သကြား - သုံးဇွန်း
- ကြက်သွန်ဖြူ - သုံးမွှာ
- ဂျင်း - အနည်းငယ်
- ကြက်သွန်နီ - တစ်လုံး
Pressure Cooker နဲ့ချက်မှာမို့လို့ ရေစင်စင်ဆေးပြီးသား
ဝက်ခြေထောက်များကို အိုးထဲထည့်ပြီး ပဲငံပြာရည် အနောက် ၁ဇွန်း၊
ပဲငံပြာရည်အကြည် ၁ဇွန်း၊ ဟင်းချက်ဝိုင် ၂ဇွန်း၊ five spice powder တဇွန်း၊
သကြား ၃ဇွန်း တို့နဲ့နယ်ပြီး မိနစ်၃၀လောက် နှပ်ထားလိုက်ပါ။
ပြီးရင်ဆီနဲနဲနဲ့ အိုးကို အပူစပေးပြီး ဝက်ခြေထောက်ကိုလုံးပါ။အဲဒီအချိန်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ဂျင်း ထည့်ပြီး ၁မိနစ်လောက်လုံးတည်ပါ။ ပြီးပြီဆိုရင် ရေ(၁)လီတာခွဲခန့်ထည့်ပြီး မီးအနေတော်ထားကာ ၁နာရီခန့် ပေါင်းပါမယ်။ အောက်မကပ်အောင်လို့အိုးကို လှုပ်ပေးရပါမယ်။ မြည်းကြည့်လို့ အသားလေးတွေအိနေပြီ ဆိုရင် လွယ်လွယ်ကူကူ နဲ့ သန့်သန့်ရှင်းရှင်း ချက်ထားတဲ့ ဝက်စတူးရပါပြီ။

ဝက်စတူး နှင့် မုန့်ညှင်း
ဝက်စတူးနှင့်
မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။ မင်မင်တို့ အိမ်သားတွေ
ကြိုက်နှစ်သက်လို့ အမြဲတမ်းလိုလိုချက်လေ့ရှိပါတယ်။ ဝက်စတူး နဲ့
မုန့်ညှင်းကို အရသာကလည်း ကောင်းမွန်တာမို့ လုပ်စားကြည့်ရအောင်
ပါဝင်ပစ္စည်းများ
- ဝက်သား၃ထပ်သား – ၄၀ကျပ်သား
- ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
- ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
- ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- နတ်နတ်ပွင့် – ၂ခု
- မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
- ကော်မှုန့်
- မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)
1. ဝက်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။ ဝက်သားကို ဆူးဖြင့်ထိုးပေးပါ။
2. ပြီးလျှင် ဝက်သုံးထပ်သားအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
3. မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
4. ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ဝက်သုံးထပ်သားကို ထည့်မွှေပေးပါ။
5. ဆီပြန်လျှင် ရေကို ဝက်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
6. ဝက်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
7. ဝက်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။
8. ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကို ရေဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။
9. ဝက်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။
10. ပြီးနောက် ဆော့ရည်များကို လောင်းချလိုက်ပါ။
11. ပြီးလျှင် မုန့်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။
12. စားချင်စဖွယ်ကောင်းပြီး အရသာရှိသော ဝက်စတူး နှင့် မုန့်ညှင်းကို ရရှိပါပြီ။

No comments:
Post a Comment