ရှူးရှဲမျှစ်သုပ်ထောင်း


ပါဝင်ပစ္စည်းများ

  • မျှစ်ချိုနု ပြုတ်ပြီးသား..ပါးပါးလှီးထား
  • ခရမ်းချဉ်သီး....ပါးပါးလှီးထား
  • ခရမ်းဂျွတ်သီး..မထူမပါးလှီးထား
  • ပဲသီး..လက်တစ်ဆစ်သာသာချိုးထား
  • ပုဇွန်ခြောက်မှုန့်
  • ပုဇွန်ဆိတ် လှော်ထား
  • ပြောင်းဖူးပြုတ်...ခြွေထား
  • မြေပဲပြုတ်...အခွံခွာထား
  • မြေပဲလှော်
  • ငပိထောင်း သို့မဟုတ် ကင်ထားသောငပိ
  • ထန်းလျက်ခဲ
  • သကြား
  • ကင်းမွန်ငံပြာရည်
  • ငရုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ပထမဦးစွာ ဇောက်နက်နက်ငရုပ်ဆုံထဲသို့
  • ထန်းလျက်ခဲ
  • မြေပဲလှော်
  • ငရုပ်စိမ်း
  • ကြက်သွန်ဖြူ..ထည့်ကာခွဲခြမ်းထောင်းပါ
  • နောက်
  • ငပိထောင်း
  • သကြား
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်

 ပြုလုပ်နည်း
        ပုဇွန်ဆိတ်လှော်တို့ထည့်ကာသံပုရာရည်ညှစ်..အခွံပါထည့်ကာ ဖွဖွထောင်းပါ ထို့နောက် လှီးထားသော ခရမ်းချဉ်သီး ခရမ်းဂျွတ်သီး မျှစ် ပဲသီးတို့ထည့်ကာရောမွှေပြီး မြေပဲပြုတ် နှင့်ပြောင်းဖူးပြုတ်ပါထည့်မွှေပါ
ဖွဖွလေး တစ်ချက်နှစ်ချက်ထောင်းပေးပါ အရသာ ချဉ်ငံစပ်မိမိနှစ်သက်သလိုချိန်ဆထည့်ပြီး ပင်စိမ်းရွက် ဖြင့်အလှဆင်ကာ အသင့်စားသုံးနိုင်ပါပြီ။

No comments:

Post a Comment

@templatesyard