ဝက်သားမျှစ်ချဉ်ချက်



ပါဝင်ပစ္စည်းများ

  • ဝက်သား ၃ထပ်သား ... ၂၀ သား
  • မျှစ်ချဉ် ... ၁၀ သား
  • နတျသုဒ်ဓါစိမျးစားငါးပိ ... ထမင်းစားဇွန်းတဝက်
  • ကိုင်းခရမ်းချဉ်သီး ... ၁၀ သားခန့်
  • ကြက်သွန်နီ ... ၁ လုံး
  • ကြက်သွန်ဖြူ ... အမွှာကြီး ၅ မွှာခန့်
  • ဂျင်း ... လက်တဆစ်ခန့်
  • ငရုတ်ခွဲကြမ်း ... ထမင်းစားဇွန်း ၁ ဇွန်း
  • ဆီ ... အနည်းငယ်
  • ဆား/ဆနွင်း /အရသာမှုန့် ... အနည်းငယ်

ချက်ပြုတ်နည်း

1. ဝက်သားကိုရေစင်အောင်ဆေးပြီး အတုံးလှလှလေးတုံးထားပါ။ ပြီးလျှင် ဆား ဆနွင်း အရသာမှုန့်နဲ့ နယ်ပြီး ၁၀မိနစ်လောက်နှပ်ထားပါ။
2. မျှစ်ချဉ်ကိုလည်း လိုသလို လှီးဖြတ်ပြီး ရေစင်စင်ဆေးပြီး တစ်ရေလောက်ပြုတ်ပြီး ရေစစ်ထားပါ။
3. ဂျင်း /ကြက်သွန်ဖြူ /နီကို ငရုတ်သီးခွဲကြမ်းနဲ့ထောင်းထားပါ။
4. ခရမ်းချဉ်သီးကိုခပ်ကြမ်းကြမ်းလှီးထားပါ။
5. ပါဝင်ပစ္စည်းများအားလုံးကို သမအောင်နယ်ထားပါ။ဂျင်း၊ကြက်သွန်ဖြူနီ၊ ခွဲကြမ်း ထောင်းထားတာကို တဝက်ပဲထည့်ပါ။
6. အဆင်သင့်ဖြစ်ပြီဆို ချက်လို့ရပါပြီ။ မီးအနေတော်မှာ ဒါယ်အိုးတင်ပြီး ဆီထည့်ပါ။ ဆီပူလာပြီဆို ဂျင်း ကြက်သွန်ဖြူ နီ ခွဲကြမ်းထောင်းထားတာထည့် ဆီမွှေးသတ်ပါ။
7. အနံ့မွှေးလာပြီး ကြက်သွန်လေးတွေ မွလာပြီဆို ဝက်သားမျှစ်ချဉ်နယ်ထားတာထည့်ပြီး ရေခမ်းတဲ့အထိ ချက်ပါ။
8. ရေခမ်းပြီး အနံ့မွှေးလာပြီဆိုမှ ဝက်သားမျှစ်ချဉ် ကို ရေမြုပ်ရံုလောက်အောင်ထည့်ပြီး အဖုံးအုပ် မီးအေးအေးနဲ့ နှပ်ချက်လေးချက်လိုက်ရင် ဆီကျန်ရေကျန်လေးနဲ့ နူးအိပြီး အရသာရှိတဲ့ ဝက်သားမျှစ်ချဉ် ဟင်းလေးတခွက်ရပါပြီ။

No comments:

Post a Comment

@templatesyard