ဝက်အူမ ချဉ်စပ်

 


ပါဝင်ပစ္စည်း

  • ဝက်အူမကြီး ၃၀သား
  • ခရမ်းချဉ်သီး ၁၀သား
  • ကြက်သွန်နီ ၂လုံး(နုတ်နုတ်စင်း)
  • ကြက်သွန်ဖြူ ၄မွှာ (ထောင်းထားပါ)
  • ဂျင်း ၂ပြားခန့်( ။ )
  • ခရမ်းချဉ်သီးဆောစ့် ၃ဇွန်းခန့်
  • ကော်မှုန့် အနည်းငယ်
  • ငံပြာရည် ။
  • ဆား ။
  • သံပုရာသီး ၁လုံး
  • ငရုတ်သီးစိမ်း ၄တောင့်ခန့်
  • တရုတ်နံနံ ၂ပင်ခန့်
  • ငရုတ်ပုထောင်း အနည်းငယ်
  • တရုတ်မဆလာ ။

ချက်ပြုတ်နည်း

1. အူမကြီးကိုရေစင်စင်ဆေး၍အိုးကင်ပူကပ်ပါ။အချွဲများကုန်သွားသည်အထိခရင်းဖြင့်လှန်၍မွှေပေးပါ။
ရလျှင် ဆား သံပုရာသီး နှင့် နာနာနယ်ဆေးပြီး ဆား သကြားတရုတ်မဆလာ နှင့်နယ်ထားပါ။
2. ပြီးလျှင် pressure cooker ဖြင့် ရေနို့ဆီဘူး ၁လုံးခွဲခန့်ထည့်ပြီး နာရီဝက်ခန့်ပေါင်းပါ။
3. ဆတ်တောက်တောက်စားချင်လျှင်ရေလျော့ပါ။ရလျင်အရွယ်တော်လှီးထားပါ။
4. ဆီပူတွင် ကြက်သွန်နီ ဖြူ ဂျင်း ငရုတ်ပုတောင့်ဖြင့်ဆီသတ်ပါ။
5. ခရမ်းချဉ်သီးထည့်၍ကြေအောင်ရေအနည်းငယ်ထည့်ပြီးမွှေပေးပါ။ခရမ်းချဉ်သီးလိပ်သွားလျှင် သကြား ငံပြာရည် ဆောစ့်ထည့်ပြီး အူမကြီးထည့်ကာ ရေအနည်းငယ်ထည့်၍တည်ပါ။
6. ရေအနည်းငယ်ကျန်လျှင် ကော်မှုန့်ရေဖျော်ထည့်ပါ။ငရုတ်သီးစိမ်း သံပုရာသီး တရုတ်နံနံအုပ်၍ ရပါပြီ။



No comments:

Post a Comment

@templatesyard