ဘဲဥချဉ်ရည်ဟင်း


ပါဝင်ပစ္စည်းများ

  • ဘဲဥ ၅လုံး
  • အားလူး ၃လုံး
  • ရုံပတီ ၅တောင့်
  • ခရမ်းချဉ်သီး ၂လုံး(ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂လုံး
  • ကြက်သွန်ဖြူ ၄မွှာ (နုတ်၂စင်းထားပါ)
  • မကျည်းသီး အနည်းငယ်
  • မဆလာ
  • ငံပြာရည်
  • ကြက်သားမှုန့်
  • ပျဉ်တော်သိမ်
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • နနွင်း
  • ငရုတ်ပု 
 
ချက်ပြုတ်နည်း

1. ဘဲဥကို ပြုတ် ရရင် အခွံခွာပြီး ဓားနှင့်ပတ်ပတ်လည် မွှန်းပါ။
2. အားလူးကို အခွံခွာ ရေဆေးပြီး အပေါ်တင်းရုံ ကြော်ထားပါ။
3. မန်ကျည်းသီးကိုရေဆေးရေစိမ်ထားပါ။ရုံပတီးသီးကို ရေဆေးထားပါ။
4. ဆီအနည်းငယ်မှာ နနွင်း ကြက်သွန်နီ ကြက်သွန်ဖြူ ကိုငရုတ်ပုထောင်းနှင့် ဆီသတ်ပြီး မဆလာ ပျဉ်းတော် သိမ် ထည့်ပါ။ခရမ်းချဉ်သီးထည့်ပါ။ရေအနည်းငယ်ထည့်၍ ကြေအောင် မွှေပါ။ ရလျှင် ဘဲဥ အားလူး ထည့်ပါ။ငံပြာရည် ကြက်သားမှုန့်ထည့်ပါ။ရေထည့်၍တည်ထားပါ။ဆူလာပြီးအားလူးနူးလျှင် မန်းကျည်းရည်ထည့်ပါ၊အရသာ စိတ်ကြိုက်ပြင်ပါ။ရုံပတီးသီးညှပ်ထည့်ပါ။ကျက်လျှင် ငရုတ်သီးစိမ်း နံနံပင်ထည့်၍ ရပါပြီ။

No comments:

Post a Comment

@templatesyard