ပဲပြုတ်နံပြား


ပါဝင်ပစ္စည်း

  • ဂျုံ - ၄၅၀ ဂရမ်
  • ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
  • နွားနို့ - ၅၀ml
  • သံပုရာရည် - တစ်ဇွန်း လ္ဘက်ဇွန်း
  • ရေ - ၂၀၀ml
  • သကြား - တစ်ဇွန်း စားပွဲဇွန်း
  • Yeast - တစ်ဇွန်းခွဲ လ္ဘက်ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

(၁ ) ဦးစွာပထမခွက်တခုဖြင့် နွားနို့ထဲသို့ သံပုရာရည်တဇွန်းထည့်ပြီး မွေထားပါ။နို့များပျစ်ခဲသွားပါမည်။(ဤအဆင့်တွင်ဒိန်ချဉ်အစားထိုးနိုင်ပါတယ်)
(၂) အခြားခွက်တခုတွင် သကြားကိုရေထည့်ပြီးပျော်အောင်ဖျော်ပြီး Yeastထည့်ကာမွေပေးပြီး၁၅မိနစ်ခန့် ထားပါ။
(၃) နှစ်မျိုးလုံးအသင့်ဖြစ်ပါက ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီး နို့အချဉ်ဖောက်ထားသည်နှင့်သကြား Yeast ဖျော်ထားသည်ကိုထည့်ပြီးအားလုံသမအောင်မွေပေးပြီးဂျုံလုံးချောလာသည်ထိနယ်ပေးပါ။
(၄) ပြီးလျှင်ဇလုံထဲတွင်အဝတ်ရေစိုအုပ်ပြီးတစ်နာရီခန့်အပွခံထားပါ။ဂျုံလုံးနှစ်ဆပွလာသည်ထိထားပါ။
(၅) ပွလာသောဂျုံကို ပြန်နယ်ပေးပြီးဆယ်လုံအညီလုံးကာလေလုံအောင်ပလပ်စတစ်ဖြင့်ဖုံးအုပ်ထားပြီး နာရီဝက်ခန့်အပွပြန်ခံထားပါ။
(၆) ဂျုံလုံးများပြန်ပွလာလျှင်ဆွဲဖြန့်၍ရသောအနေအထားရပါကလိုအပ်သလိုအထူအပါးဖြန့်ပေးပြီး Ovenတွင် အပူချိန်၂၂၀ဒီဂရီတွင်တဖက်တမိနစ်ခွဲခန့်ကင်ပေးပါ။အရောင်အနည်းငယ်ရပါကထုတ်ယူပြီးလေလုံအောင် ဖုံးအုပ်ထား ပြီးပဲနှင့်တွဲဖက်၍ဖြစ်စေဆိတ်စွတ်ဖြင့်တွဲဖက်၍ဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။

နံပြားနှင့်တွဲရန်ပဲဟင်းပြင်ဆင်ပုံ

စားတော်ပဲပြုတ်ကိုရေမြုတ်ရုံထည့်ပြီးဆူပွက်အောင်တည်ပါ၊ဆားဟင်းခပ်မှုန်ထည့်ပြီးအနည်းငယ်ကျေအောင် မွေပေးပါ။ဆူပွက်ပါကမီးဖိုမှချကာကြက်သွန်နီဆီသပ်ပြီးအပေါ်မှဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard