သီးရွက်စုံအစိမ်းကြော်


ပါဝင်ပစ္စည်းများ
  • Babycorn -----၆ တောင့်
  • ဘိုစားပဲ -----၃ တောင့်
  • ရွှေပဲသီး -----၅ တောင့် (Baby corn နဲ့ ပဲသီးလေးတွေကို ၂ မိနစ်ခန့်ပြုတ်ပြီး ဆယ်ပါ။ ရေအေးထဲစိမ်ပြီး ကြိုတင်လှီးထားပေးပါ)
  • မုန်ညင်းဖြူ -----၁၂၅ ဂရမ် (မထူမပါးလှီးထားပြီး)
  • မုန်ညင်းစိမ်း -----၁၅၀ ဂရမ် (မထူမပါးလှီးထားပြီး)
  • ဘရိုကိုလီ (ပန်းပွင့်စိမ်း) ----- ၁၂၅ ဂရမ် (ခြွေထားပြီး)
  • မုန်လာဥနီ -----၁ လုံး (အခွံနွှာပြီးနှစ်သက်သလိုလှီးထားပါ)
  • ငရုတ်ပွသီး အနီ -----တစ်ခြမ်း (အူတိုင်ထုတ်ပြီး အသားချည်းပဲရှည်ရှည်လှီးထားပါ)
  • ငရုတ်ပွသီးအဝါ -----တစ်ခြမ်း (အူတိုင်ထုတ်ပြီး အသားချည်းပဲရှည်ရှည်လှီးထားပါ)
  • ကြက်သွန်ဖြူ -----၃ မြွှာ (ထောင်းထားပါ)
  • ဆီ ထမင်းစားဇွန်း -----၃ ဇွန်း
  • ခရုဆီ ထမင်းစားဇွန်း -----၁ ဇွန်း
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း -----၁ ဇွန်း
  • ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း -----၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ

1. ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်ဖြူထည့်ပါ။
2. ပြီးတဲ့အခါ မုန်လာဥနီ၊ဘရိုကိုလီ၊ငရုတ်ပွသီးများ အရင်ထည့်မွှေပါ။
3. ပြီးရင် မုန်ညင်းဖြူ၊ မုန်ညင်းစိမ်းထည့်ပြီး ၂ မိနစ်ခန့်မွှေပါ။
4.  ၂ မိနစ်ခန့်မွှေပြီးတဲ့အခါ ပြုတ်ထားတဲ့အသီးအနှံများထည့်ပြီး ခနောကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည် တို့ထည့်ကာ မွှေပေးပါ။
5.  အရသာအနေတော်မတော်မြည်းကြည့်ပြီး အသီးအရွက်များအနေတော်လျှင် အစိမ်းကြော်ပူပူလေးကို အိုးထဲမှ ချပြီး သုံးဆောင်နိုင်ပါပြီ။
ထမင်းနဲ့ပဲစားစား ဒီတိုင်းပဲစားစား နေထိုင်ကောင်းခါစလူမမာတွေအတွက်လည်းကျွေးလို့သင့်တော်သလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေ ဖြည့်ဆည်းနိုင်ဖို့ အစိမ်းကြော်တစ်ခွက်ဖြစ်ပါတယ်။

No comments:

Post a Comment

@templatesyard