ကြက်ကင်


ပါဝင်ပစ္စည်းများ
  • ကြက် - ၁ ကီလို တစ်ကောင်
  • နံနံပင်အမြစ် - ၄ ခု
  • ကြက်သွန်ဖြူ - ၈ မွှာ
  • စပါးလင် - ၁ ချောင်း
  • ငရုပ်ကောင်းစေ့ - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • သကြားအညို - ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ငံပြာရည် Soy-sauce - ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ငါးငံပြာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ပဲငံပြာရည်အပျစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပြုလုပ်နည်း
1. ပထမဆုံး ကြက်ကို ပုံတွင်ပြထားသည့်အတိုင်း ရင်ဘက်မှခြမ်းကာ ရေဖြင့်အတွင်းအပြင် သန့်ရှင်းစွာ ဆေးပြီး ရေစစ်ထားပါ။
2. ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။         3. နံနံပင်၏အောက်ပိုင်း လက်နှစ်လုံးလောက်ကဖြတ်ထားသည့် အမြစ်ကိုသာအသုံးပြုပါမည်။ အပေါ်က အရွက်များကို အသုံးမပြုပါဘူး။ 
4. ထို့နောက်....ပါဝင်ပစ္စည်းများအားလုံးကို ငရုပ်ဆုံထဲသို့ထည့်၍ ညက်နေအောင်ထောင်းပါ။ငရုပ်ကောင်းစေ့ များပါထည့်၍ထောင်းပါ။အနည်းငယ်ညက်လာပါက ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး ငံပြာရည်- Soy sauce + ငါးငံပြာရည် + ပဲငံပြာရည် တို့ကိုပါဝင်အချိုး အစားအတိုင်းထည့်ပြီးရောမွှေပေးပါ။ (ပဲငံပြာရည်အပျစ်သည် အရောင်အတွက်ထည့်ခြင်းဖြစ်ပါသည် မထည့်လျှင်လည်းရပါသည်) ဆော့ အနည်းငယ်ပျစ်နေပါကရေအနည်း ငယ်မျှထည့်ပြီးမွှေပေးပါ....
5. ကြက် တစ်ကောင်လုံးကို ဓားဖြင့်အနည်းငယ် မွှန်းပြီး ဖျော်ထားသည့်ဆော့ဖြင့် နှံ့အောင်ရောနှယ်ပေးကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄-နာရီကြာမျှထည့်ထားရပါမည်။ ကြာကြာထားနိုင်ပါက တစ်ညသိပ်ထား လျှင်ပိုကောင်းပါသည်။
6. ထို့နောက်....ပုံတွင်ပြထားသည့်အတိုင်း ကြက်ကို ဝါးညှပ်ဖြင့်ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ်ဖက်ဆီလှန်ကာ ဖြေးညှင်းစွာဖြင့်ကင်ပေးရပါမည်။ ကြက်အသားများရဲလာပြီး အနံ့မွှေးလာပါက အရသာရှိစွာ အသင့်စားသုံးနိုင်ပါသည်။ အနံ အရသာ အထူးကောင်းမွန်လှသော ကြက်သားကင်ဖြစ်ပါသည်။

No comments:

Post a Comment

@templatesyard