ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက်၁ဝသား
- ဆီ၁၅က်ပ်သား
- ကြက်သွန်နီကြီးကြီး၁ဝလုံး
- ကြက်သွန်ဖြူ၅ကျပ်သား
- မျှင်ငပိကွမ်းသီးလုံးခန့်
- မကျည်းမှည့်အနှစ်ဟင်းဇွန်း၃ဇွန်း
- သကြားteaဇွန်း၂ဇွန်း
- ငရုတ်သီးအစိမ်းမှုန့်ဟင်းဇွန်း၂ဇွန်း
- ငရုတ်သီးခွဲခြမ်းဟင်းဇွန်း၂ဇွန်း
- ဆနွင်းမှုန့်အနည်းငယ်
- ငံပြာရည်အကြမ်းပန်းကန်၁လုံး(အပေါ့အငံစားတာပေါ်မူတည်ပြီးထည့်ပါ)
ကြော်နည်း
1. အရင်ဆုံငရုတ်သီးအစိမ်း၊ ထဲကြက်သွန်ဖြူ/နီတို့ကိုထောင်းထားပါ။
2. ပုဇွန်ခြောက်ကိုရေနွေးစိမ်ထားပြီးမှရေတထပ်ထပ်ဆေးပြီးထောင်းထားပါ။
3. ပုဇွန်ခြောက်အမှုန့်သုံးရင်တော့ အငံကိုလျှော့ပါ၊ မျှင်ငပိ၊ မကျည့်မှည့်အနှစ်နဲ့ သကြားကို အနှစ်ဖြစ်အောင်မွှေထားပါ။
4. ဆီပူလာရင်အနှစ်ထောင်းထားတာကိုဆနွင်းထည့်ဆီသပ်ပါ။မွှေးပြီးအစိမ်းနံ့ပျောက်အရောင်ပြောင်းလာရင်ပုဇွန်ခြောက်ထည့်ပါ။
5. အဲ့ဒီ့အချိန်ကတူးတတ်လို့သတိထားပါ။ ပုဇွန်ခြောက်နံ့ပျောက်ပြီးမွှေးလာရင်ငရုတ်သီးခွဲခြမ်းထည့်ပြီးမွှေပါ။
6. ပြီးရင်ဖျော်ထားတဲ့မကျည်းအနှစ်ထည့်ပါ။ ငပိနံ့ပျောက်ရင်ငံပြာရည်လောင်းပါ။ အရသာမြည်းပါ။
ပျော့ပျော့ထွေးထွေးအရည်ခြောက်ပြီးဆီလဲပြန်၊စိုစိုအိအိအနေထားရောက်လျှင်မီးပေါ်ကချပါ။
7. သခွားသီး၊သရက်သီးတို့စရာနဲ့လိုက်ဖက်တယ်။ ငံပြာရည်အပျော့ကြော်ကိုထမင်းနဲ့နယ်ဘူးသီးကြော်၊ကြက်သွန်ကြော်လေးနဲ့စားရင်လဲအရမ်းလိုက်ဖက်ပါတယ်။
No comments:
Post a Comment