မန်ကျည်းရွက်ငါးပိချက်


ချက်နည်း


1. မန်ကျည်းရွက်၁၀သားကို ငါးကြင်း၁၀သား ဆီ၂ကျပ်ခွဲသား ငရုတ်သီးစိမ်း၅ကျပ်သား အစပ်ကြောက်ရင် လျော့ထည့်ပါ၊ ငရုတ်ပု ၂တောင့်၊ ကြက်သွန်ဖြူ၁၀မွှာ၊ ကြက်သွန်နီအနေတော်၃လုံး၊ ငါးပိရည်ကျို ၅ ကျပ်သားလိုပါတယ်။

2. ပထမဆုံးငါးကြင်းကိုပြုတ်ပြီးအရိုးနွင်ထားပါ၊ ငါးပိရည်ကျိုပြီးအရိုးစစ်ထားပါ၊ ငရုတ်သီးစိမ်းထောင်းထားပါ ကြက်သွန်ဖြူ/နီ၊ ငရတ်ပုထောင်းထားပါ၊ မန်ကျည်းရွက်ကိုရေဆေးထားပါ။ ဆီအိုးတည်ပါဆူလာရင်ကြက်သွန်၊ ငရုတ်ထောင်းထားတာထည့်ပါ။

4. အစိမ်းနံ့ပျောက်ရင် ငါးပြုတ်ထည့်ပါ၊ တစ်မိနစ်မွှေပေးပါ၊ ပြီးရင်ငရုတ်သီးစိမ်းထောင်းထည့်ပါ၊တစ်မိနစ်ထပ်မွှေပါ၊ ပြီးရင် ငါးပိရည်ကျိုစစ်ထားတာထည့်ပါ။

5. ဆူလာရင်မန်ကျည်းရွက်များထည့်ပေးပြီး အပေါ့အငန်စိတ်ကြိုက်ထည့်ပြီးရင်တော့ မန်ကျည်းရွက်ငါးပိချက် ချဉ်ချဉ်စပ်စပ်လေးကို ကြိုက်နှစ်သက်ရာ တို့စရာလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

No comments:

Post a Comment

@templatesyard