အိန္ဒိယလက်ဘက်ရည်ဖျော်နည်း


ပါဝင်ပစ္စည်းများ

  • အချိုခြောက်နွားနို့
  • သကြား
  • ဂျင်း
  • သစ်ဂျပိုးခေါက်
  • ဖာလာစေ့
  • ဖာလာအကြီး
  • လေးညှင်း
  • ငရုပ်ကောင်းစေ့
  • စမုံစပါး (စမုံစပါးက မထည့်လည်းရ)


ပြုလုပ်နည်း

1. သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး အားလုံးကို ရောပြီး ထောင်းထားလိုက်ပါ။ အရမ်းညှက်စရာမလို။ မထောင်းချင်ရင်လည်း အားလုံးကို ကြိပ်စက်နဲ့ ရောကြိတ်လိုက် လို့ရပါတယ်။

2. အချိုခြောက်ကို အဖန်ရည်ကျအောင် နှပ်ထားပါ။

3. နွားနို့ကို ပျစ်ပျစ်လေး ကျိုထားပါ။

4. ရေနွေးတည်ပြီး အဲ့ရေနွေးအိုးထဲ ဂျင်း ကို အရင်ဆုံး ထောင်းထည့်ပါ။ ( ဂျင်း အခွံခွာစရာမလို)။ (ဂျင်း အခြောက်ထည့်လည်းရပါတယ်)။ ရေနွေးပွက်ပွက်ဆူလာပြီး ဂျင်းလည်း ကျက်သွားပြီဆိုတဲ့အခါမှ အားလုံး ရောထောင်းထားတဲ့ ဖာလာ လေးညှင်း သစ်ဂျပိုး ငရုပ်ကောင်း စတာတွေကို ထည့်လိုက်ပါ။ဆားလေးနည်းနည်း ထည့်ပါ။

5. တစ်ချို့ကတော့ အချိုခြောက်နှပ်ထားတဲ့အရည်အထဲမှာပဲ အဲ့အဆာပလာတွေ တစ်ခါတည်း ရောထည့်ပြီး ကျိုလိုက်တာလည်း ရှိပါတယ်။

6. မင်မင်ကတော့ သူ့အနံ့အရသာလေးကို ကိုယ့်စိတ်တိုင်းကျ လိုတိုး ပိုလျှော့လေး လုပ်ပြီး စိတ်ကြိုက်အရသာ လေး သောက်ချင်တာမို့ အချိုခြောက်နှပ်ရည်သပ်သပ် ဖာလာ လေးညှင်းစတဲ့အဆာပလာအရည် သပ်သပ် တစ်အိုးစီ တည်လိုက်တာပါ။ တကယ်လို့ အဲ့ဒီ ဖာလာ လေးညှင်းစတဲ့ အရသာတွေကို သိပ်မကြိုက်ရင် အဲ့အရည်လေးကို လက်ဘက်ရည်ဖျော်တဲ့အခါ လျှော့ထည့်ပြီး ကြိုက်ရင်တော့လည်း ပိုပြီးထည့်လို့ရတာပေါ့။

7. အားလုံးပြီးပြီဆိုရင်တော့ နှပ်ထားတဲ့အချိုခြောက်အဖန်ရည်ကိုစစ်ယူပြီး သကြားထည့်ပါ။ နွားနို့ထည့်ပါ။ ပြီးရင် ဂျင်း သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး စတဲ့အဆာပလာ တွေထည့်ကျိုထားတဲ့အရည်လေးထည့်ဖျော်လိုက်ပါ။ နွားနို့ မရရင် မိတ် ထည့်ပါ။ သကြားနဲ့မကြိုက်ရင် နို့ဆီနဲ့ထည့်ဖျော်ပါ။

8. အဲ့ဒါဆို ထူးခြားတဲ့ အနံ့အရသာလေးနဲ့ပြည့်စုံတဲ့ အိန္ဒိယ လက်ဘက်ရည်ကို ရပါပြီနော်။ ချိုတယ် မွှေးတယ် စိမ့်တယ် ပြီးတော့ စပ်ရှားရှားလေးနဲ့ တကယ့်ကို ဆန်းသစ်တဲ့ အနံ့အရသာလေးနဲ့ အိန္ဒိယ လက်ဘက်ရည် လေးပါ။ သောက်ပြီးတာနဲ့ ခံတွင်းကိုလည်း ရှင်းသွားစေပါတယ်။


No comments:

Post a Comment

@templatesyard