ဘူးသီးကြော်နှင့်အချဉ်ရည်


ဘူးသီးကြော်


- ပထမဆုံး ဘူးသီးလေးတွေကို ကိုယ်ကြိုက်တဲ့အရှည် လှီးပြီး ရေခြောက်အောင်ထားပေးပါ
- မနက်ကြော်ရင် ညကတည်းကလှီးပြီး ရေစစ်ထားလို့လည်း ရပါတယ်
- မနက်မှစလုပ်မယ်ဆို နာရီဝက်လောက် နေပူလှန်းထားရင် ပိုကောင်းပါတယ်

- မုန့်နှစ်အတွက် ရွှေလိပ်ပြာ အကြော်မှုန့် / ကောက်ညှင်းမှုန့် / ပဲမှုန့် သုံးပါမယ်
- အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောပါ

- ပြီးရင် ဆား အရသာနဲ့ အရောင်လှအောင် အရောင်တင်မှုန့်ထည့်ပါ
- baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ပေးပါ အဲ့ဒါဆို ပိုကြွပ်ပါတယ်/ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်
- အမှုန့်တွေအကုန်ရောပြီးသွားရင် ရေခဲရေလေးကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ
- မုန့်ရည် မပျစ်မကျဲလေး အနေက ကြော်ဖို့အကောင်းဆုံးပါနော်

- မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ခြောက်နေတဲ့ ဘူးသီးလေးတွေကို ဂျုံမှုန့် သို့ ဆန်မှုန့်နဲ့ အရင်လူးပေးပါ အဲ့ဒါဆို ပိုကြော်လို့ကောင်းပါတယ်
- ပြီးမှ မုန့်ရည်ထဲနှစ်ပြီး မီးအလယ်လောက်နဲ့ ရွှေအိုရောင်သမ်းတဲ့အထိကြော်ပေးပါ။

အချဉ်ရည်
- မန်ကျည်းသီးတွေကို ရေပူနဲ့ အရင်စိမ်ထားပါမယ်
- ပြီးရင် ဇကာနဲ့အနှစ်တိုက်ချပြီး အရည်ပဲယူပါ

- မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ

- ပြီးရင် ဆားနဲ့ အရသာမှုန့်ထည့်ပြီး ထန်းလျက်ရည် အချိုကြိုက်သလောက်ထည့်ပါ
- ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်ပါ

- ပဲအကျက်မှုန့် ၂ ဇွန်းလောက် ထည့်ပေးပါ ပဲမှုန့်လေးက အချဉ်ရည်ရဲ့ အသက်ပါပဲ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်

- နောက်ဆုံးအနေနဲ့ နံနံပင်နဲ့ ဂေါ်ဖီထုပ် ပါးပါးလှီးပြီး ပစ်ထည့်လိုက်ပါ
- ဘူးသီးကြော် ပူပူလေးကို အချဉ်ရည်ကောင်းကောင်းလေးနဲ့ တွဲစားလို့ရပါပြီ။

No comments:

Post a Comment

@templatesyard