ကြက်သားပလာတာချက်


လုပ်ရတာ လွယ်ကူအောင် ကြက်သား၊ အာလူးနဲ့ပဲ ကို ဆီနည်းနည်းအရည်များများလေးတစ်ခါတည်း ရောချက်ပါတယ်
 
ချက်ပြုတ်နည်း 
1. ကြက်သားတွေကိုဆားနနွင်းနယ်ထားပါ။
2. ကြက်ရိုးတစ်ချို့ပါရောထည့်ပါတယ်။
3. အာလူးတွေအခွံခွာပြီး အတုံးလေးတွေလှီးထားပါ။
4. ကုလားပဲကို ရေကြာကြာစိမ်ပါ။ ပြီးမှပေါင်းအိုးနဲ့နူးတဲ့ထိပြုတ်ထားပါ။
5. ချက်ခါနီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး တို့ကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ။ (ဆီမများပါစေနဲ့)
6. ကြက်သွန်တွေနွမ်းရင် သစ်ဂျပိုးခေါက် နဲ့ ကရဝေးရွက် ထည့်ကြော်ပါ။ မဆလာထည့်ပါ။
7. ဆီသပ်နံ့တွေမွှေးလာရင် ကြက်သားတွေ ထည့်ချက်ပါ။ ရေမထည့်ပဲ ဒီအတိုင်း မီးနည်းနည်းနဲ့ချက်ပါအဖုံး အုပ်ထားပါ။
8. ကြက်သားကထွက်တဲ့ အရည်တွေခမ်းရင်အာလူးတွေထည့် ပီး ရေထည့်ပြီးနူးတဲ့ထိချက်ပါ။
9. နူးပြီဆိုမှ ကုလားပဲထည့် အချိုအငန်အရသာထည့်ချက်ပါ။ ဟင်းကို အရည်နဲ့ချက်ပါတယ်။
10. ပူစီနံရွက် ၊ သံပုရာသီး ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီစိမ်း တို့ကို မိမိစိတ်ကြိုက်ထည့်ပီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

@templatesyard