စမူဆာကြော်နည်း


ပါဝင်ပစ္စည်းများ

  • ကော်ပြန့်ရွက်
  • ကြက်သွန်နီ - ၅ ဥ (ပါးပါးလှီး)
  • ကြက်သား - ၁၅ ကျပ်သား
  • မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ဆီ - ၁၀ ကျပ်သား


ပြုလုပ်နည်း

ဦးစွာ စမူဆာလိပ်ဖို့ ပလက်ကို အရင်ပြင်ပါမယ်။ ၃ ၁/၂ လက်မပတ်လည်ခန့်ရှိတဲ့ ကော်ပြန့်ရွက်လေးကို ပုံထဲကအတိုင်း ခေါက်ပါ။ ပြီးလျှင် ဘေးထွက်နေတဲ့ အစလေးမှာ ရေဆွတ်ပြီး အနားသတ်ခေါက်ပါ။ ပြီးလျှင် အနားသိမ်း ခေါက်ထားတဲ့ ခေါက်ရိုးကို အလယ် ရာက်သွားအောင် စွန်သဏ္ဌာန်လှည့်ပေးလိုက်လျှင် အဆာထည့်ရန် အသင့်ဖြစ်ပါပြီ။ အဆာသွတ်ရန် ကြက်သားကို အတုံးသေးများလုပ်၍ ပြုတ်ထားပါ။ ကျက်ရင်ဆယ်ပြီး ကြက်သွန်နီ၊ မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ အရသာမှုန့်တို့နှင့် နယ်ထားပါ။ ခေါက်ထားတဲ့ ကော်ပြန့်ရွက်ထဲကို အဆာကို သွတ်ပါ။ အောက်ဘက်က ပိုနေတဲ့အစကို အပြီးသတ် ရေဆွတ်ပြီး အဆာများ မထွက်ကျအောင် ပိတ်လိုက်လျှင် စမူဆာကြော်ရန် အသင့်ဖြစ်ပါပြီ။ ဆီပူအိုးတည်ပြီး မီးအလယ်အလတ်နှင့် နီရဲကြွပ်ရွလာအောင် ကြော်ပါ။


အချဉ်ရည်ဖျော်ရန်လိုအပ်ပစ္စည်း

  • မန်ကျည်းရည်ဖျော်ပြီးသား - အကြမ်းပန်းကန်လုံး ၁ လုံး
  • ငရုတ်သီးစိမ်း - ၁၀ တောင့်
  • ကြက်သွန်ဖြူဥသေး - ၁ ဥ
  • ချင်း - လက်တစ်ဆစ်
  • ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပူဒီနာရွက် - အနည်းငယ်


ပြုလုပ်နည်း

စမူဆာ၊ အာလူးကက်သလိပ်နဲ့ တွဲစားဖို့ အချဉ်ရည်ဖျော်ပါမယ်။မန်ကျည်းရည်ထဲ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပူဒီနာထောင်းထည့်ပါ။ ဆား၊ အရသာ၊ သကြားထည့်ပြီး မပျစ်မကျဲလေးဖျော်လျှင် ရပါပြီ။


No comments:

Post a Comment

@templatesyard