ဟင်းလျာတို့ရဲ့လျှို့ဝှက်ချက်


၁။ ကြက်သားနှင့်အလိုက်ဖက်ဆုံးမှာ အာလူးဖြစ်ပါသည်။

၂။ ဘဲသားနှင့်အလိုက်ဖက်ဆုံးမှာ မှိုနှင့်ဂျပန်တို့ဟူးတို့ဖြစ်ပါသည်။
၃။ ဆိတ်သားကို အမြန်နူးပြီး အနံ့မနံအောင် မချက်ခင် ဒိန်ချဉ်ဖြင့် အရင်နူးနပ်ထားရပါသည်။
၄။ ဂဏန်းအသား၏ လျို့ဝှက်ချက်သည် ကြက်ဥထည့်ပေးရခြင်း ဖြစ်ပါသည်။
၅။ အကြော်များ ပိုမိုကြွတ်ရွပြီး စားကောင်းစေလိုပါက မုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီးထည့်၊ ရွှေကြည်မှုန့်ကို အနည်းငယ် ထည့်လိုက်ပါ။
၆။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျို့ဝှက်ချက်မှာ မည်သည့်ဟင်းပွဲကိုမဆို ကြက်ရိုးပြုတ်ရည် အနည်းငယ်ထည့်ချက်ခြင်း ဖြစ်ပါသည်။
၇။ ယိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ထဲတွင် မခါးအောင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူး ရွက် ဖြစ်ပါသည်။
၈။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးရသည်။ (သို့မဟုတ်)မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။
၉။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညှစ်ထည့်ပေးရသည်။
၁၀။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။
၁၁။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျို့ဝှက်ချက်မှာစဉ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။

No comments:

Post a Comment

@templatesyard