ကိုက်လန်ခရုဆီကြော်

 


ပါဝင်ပစ္စည်း

  • ကိုက်လန်
  • ခရုဆီ
  • ကြက်သွန်ဖြူ
  • သကြား
  • ပဲငံပြာရည်
  • ဆား
  • ကြက်စွပ် ပြုတ်ရည်

ကြော်နည်း

၁။ကိုက်လန်ပင်ကို ရင့်တဲ့အပိုင်းခွာပေးထားပါ ...

၂။ ရေနွေးပူပူတည်ပေး ဆား နဲနဲ ဆီနဲနဲထည့် ကိုက်လန်ကို ထည့်ဖျော်ပေးပါ၊ ထို့နောက် ရေခဲရေထဲ ပြန်ထည့် ပီးရင် စားသုံးတဲ့ ပန်ကန်ထဲထည့်ထားပေးပါ။

၃။ ကြက်သွန်ဖြူကို နှပ်နပ်စင်းပီး ကြော်ထားပါ။ (ကြက်သွန်ဖြူကြော် သက်သက်ခပ်ထားပေးပါ )

၄။ ထို့ကြက်သွန်ဖြူ ကြော်ထားနဲ့ ဒယ်အိုးတွင် မီးနဲနဲအပူဖြင့် ခရုဆီ၊ သကြား၊ ပဲငံပြာရည် ရသာစုံ၊ ကြက်စွပ် ပြုတ်ရည် နဲနဲ ထည့် အရည်မပျစ်မကျဲ ရလာရင် ပန်းကန်ထဲက ကိုက်လန်ပေါ ပြန်ထည့် ကြက်သွန်ဖြူကြော် ပြန်ထည့်ပီး သုံးဆောင်ပါ။

နောက်တနည်းက ကိုက်လန်ကို ထိုနည်းအတိုင်းလုပ်ထားပေးပါ ... ဒယ်အိုးတွင် မီးအပူအနေတော်ဖြင့် ဆီနဲနဲထည့် ကြက်သွန်ဖြူနှပ်နှပ်စင်းကိုဆီသပ်ပေး ခရုဆီ သကြား ပဲငန်ပြာရည်ရသာစုံ ကြက်စွပ်ပြုတ်ရည် ထည့် မီးအားပြင်းပေးပီး ကိုက်လန် ပြန်ထည့် မွှေပေးပီး ချက်ချင်း ခတ်ထုတ်ပေး ပါ .... ကြိုက်တဲ့နည်း ကြော်စားလို့ရတယ်။


No comments:

Post a Comment

@templatesyard