ကြက်ချဉ်စပ်ကြော်


ပါဝင်ပစ္စည်းများ

  • ကြက်သား - ၁၅ကျပ်သား
  • ကြက်သွန်နီ - ၂လုံး
  • ဂျင်း၊ ကြက်သွန်ဖြူ (ထောင်းပြီးသား) - လက်ဖက်စားဇွန်းတဇွန်း
  • ဆား -ဇွန်းတဝက်
  • ဟင်းခပ်မှုန့် - တစ်ဇွန်း
  • ကော်မှုန့် - တစ်ဇွန်း
  • ငရုပ်ချဉ် - တစ်ဇွန်း စားပွဲတင် (စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုပ်ချဉ်)
  • ခရမ်းချဉ်သီး - အကြီး ၁လုံး
  • ငရုတ်ပွသီး - ၁လုံး
  • ကြက်သွန်မိတ် - ၂ပင်
  • ငရုပ်သီးစိမ်းနီ -အနည်းငယ်
  • သံပုရာသီး
  • ဆီအနည်းငယ်

ချက်ပြုတ်နည်း

1.  ဦးစွာပထမကြက်သားကို အတုံးသေးသေးတုံးကာ ဆား၊ ဟင်းခပ်မှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်း၊ ကော်မှုန့် ထည့်ပြီးနယ်ထားပါ။ ၁၅မိနစ်ခန့် နှပ်ထားပေးပါ။
2.  ကြက်သွန်နီမထူမပါးလှီးထားပါ။ ငရုတ်ပွကိုလည်း ခြမ်းထားလှီးထားပါ၊ ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူ စိတ်ထားပါ။ ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။
3.  အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးတွင်ဆီထည့်ပြီး အပူပေးပါ။ (ဆီအနည်းငယ်ပိုထည့်ပေးမှ ဟင်းပွဲလှ ပါ တယ်။) ဆီပူလျှင် ကြက်သွန်ထည့်ပြီး ကြော်ပါ။ မီးပြင်းပြင်းဖြင့် အရောင်ပြောင်းရုံ ကြော်ပါ။ ငရုပ်ချဉ် ထည့်ပါ(မွှန်ပါတယ်)။ ကြက်သားထည့်ကြော်ပါ။
4.  ကြက်သားအရောင်ပြောင်းပါက ကြက်ပြုတ်ရည် (သို့မဟုတ်) ရေအနည်းငယ် ထည့်ပေးပါ။နည်းနည်းစီ ထည့်‌ပေးပါ။
5.  ကြက်သား ကျက်ပါက သံပုရာသီးညစ်ပြီး အရသာအပေါ့အငံ မြည်းပါ။ ငရုပ်သီးခြမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စား မကောင်းပါ။)


No comments:

Post a Comment

@templatesyard