ရွှေဖရုံသီးမုန့်လုံးကြော်


ရွှေဖရုံသီးမုန့်လုံးကိုပဲယိုအစာသွပ်ပြီးကြော်ထားတဲ့ချိုမွေးကြွပ်ရွအရသာရှိလှတဲ့ရွှေဖရုံသီးမုန့်လုံးကြော်လေး ဖြစ်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီးရွှေဖရုံနဲ့ကောက်ညင်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေး လိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ရွှေဖရုံသီး - ၅၀၀.ဂရမ်
  • ကောက်ညင်းမုန့် - ၃၀၀ဂရမ်
  • ပဲယို - တစ်ပန်းကန်
  • ပေါင်မုန့် ခြောက် - တစ်ပန်းကန်
  • ဆီ - ကြော်ရန်

ပြင်ဆင်ပြုလုပ်ပုံ

1. ရွှေဖရုံသီးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာနူးအိအောင်ပေါင်းပါ။ (သို့မဟုတ်)မိုက်ခရိုဝေ့တွင်၅မိနစ်ခန့် ထည့်ပါ။
2. ရွေဖရုံသီးနူးအိပါကထွက်လာသောရေများကိုသွန်ပစ်ပြီးဇွန်းဖြင့်ကြေအောင်ဖိချေပေးပါ။
3. ချေပြီးသားရွှေဖရုံအနှစ်ထဲသို့ကောက် ညင်းမုန့်ကိုဖြည်းဖြည်းဆီထည့်ပြီးမုန့်လုံးလုံးနိုင်သော အနေထိရ အောင် ထည့်နယ်ပါ။
4. မုန့်လုံးလုံးနိုင်သောအနေရပါက၁၇လုံးအညီလုံးထားပါ။ပဲယိုကိုလည်းအသင့့်လုံး ထားပါ။
5. အားလုံးအသင့်ဖြစ်ပါကကောက်ညင်းလုံးကိုဖိပြားပြီးပဲယိုထည့်လုံးကာသာသာဖိပြားပြီးပေါင်မုန့်ခြောက် ကပ်ပါ။
6. မုန့်လုံးအားလုံးအစာသွပ်ပြီးပါကဆီပူအိုးတွင်နှစ်မိနစ်မှသုံးမိနစ်ထိရွှေရာင်ရအောင်ကြော်ပေးပြီးဆယ်ယူ ဆီစစ်ကပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပဲယိုပြုလုပ်နည်း

  • ပဲလွန်း - ၂၅ကျပ်သား
  • ထန်းလျက် ၂၅ကျပ်သား
  • ဆီ - ၁၅ ကျပ်သား
  • ဆား - အနည်းငယ် 

ပြုလုပ်နည်း

1. ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
2. ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
3. ထန်းလျက်ကို ရေအနည်းငယ်ဖြင့် ကျိုပြီးအမှိုက်များ စစ်ထုတ်ပါ။ ပြီးလျှင်   ညောင်စေးကျအောင် ပြန်ကျို ထားပါ။
4. ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
5. မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ၊ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည် ထိမွေပေးပါ။ ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
6. အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
**ပဲယိုကိုစူပါမားကတ်များတွင်အသင့်သုံးအထုပ်များလည်းဝယ်ယူအသုံးပြုနိုင်ပါတယ်။


No comments:

Post a Comment

@templatesyard