ဆိတ်သားဘီးမုန့်


ဂျုံနယ်ရန်လိုအပ်ပစ္စည်း

  • ဂျုံ မှုန့် - ၅၀၀ဂရမ်
  • ဆား အနည်း ငယ်
  • ဆီ - ၅၀ဂရမ်
  • ဆီပူ -၅၀ဂရမ်
  • ရေ - ၂၀၀ml

ဆီစာပြုလုပ်ရန်လိုအပ်ပစ္စည်း

  • ဂျုံ မှုန့် - ၁၀၀ဂရမ်
  • ဆီ - ၅၀ဂရမ်

ပြင်ဆင်ပြုလုပ်ပုံ

(၁) ပထမအမှတ်စဉ်၁မှဂျုံနယ်ရန်အတွက်ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေထားပါ။
(၂) ဆီကိုနှစ်ပိုင်းခွဲထားပါတယ်။ဆီပူ၅၀ဂရမ်ရိုးရိုးဆီ၅၀ဂရမ်ဖြစ်ပါတယ်၊အိုးတခုဖြင့်ဆီ၅၀ဂရမ်ကိုအပူပေး ထားပါ။အပူဆုံးအနေထိရပါကဇလုံထဲရှိဂျုံထဲသို့လောင်းထည့်ပြီးယောင်းမဖြင့်မွေပေးပါ။
(၃) ဂျုံဆားဆီပူသမအောင်မွေပြီးပါကကျန်ဆီ၅၀ဂရမ်ထည့်ပါ။ရေကိုဖြည့်ဖြည်းဆီထည့်ပြီးဂျုံလုံးချောမွေ့ သည်ထိမွေပေးပါ ။ ချောမွေ့ပါကပလပ်စတစ်ဖြင့်ပတ်ပြီး၁၅ မိနစ်ခန့်နှပ်ထားပြီးသုံးလုံးအညီလုံထားပါ။
(၄) ဆီစာပြုလုပ်ရန်အတွက်ပန်းကန်တခုတွင်ဆီနှင့်ဂျုံထည့်ပြီးသမအောင်မွေပေးပါ။သုံးပုံအညီအမျှပုံထားပါ။
(၅) ပြီးလျှင်အမှတ်စဉ်(၁)မှဂျုံလုံးအကြီးကိုပြားပြီးအလယ်တွင်အမှတ်စဉ်(၂)မှဆီစာကိုထည့်ပြီးလုံအောင် ပိတ်ကာ ၁၀မိနစ်ခန့်ပြန်နှပ်ထားပါ။
(၆)ဂျုံနှပ်ပါကလိုသလိုဆွဲဖြန့်နိုင်ပြီမို့စားပွဲတွင်ဂျုံဖြူးပြီးဆီစာထည့်ထားသောဂျုံကိုဖိပေးပြီးလေးထောင့်အရှည် အနေအထားရအောင်ဖြန့်ပေးပါ။အထူအပါးညီအောင်ဖြန့်ပါ။အတွင်းမှဆီစာမထွက်အောင်ဂရုစိုက်ပါ။
(၇)လေးထောင့်အရှည်လိုက်ဖြန့်ပြီးပါက၃ခေါက်ချိုးခေါက်လိုက်ပါ။
(၈) သုံးခေါက်ချိုးပြီးသားဂျုံကိုအရှည်လိုက်ပြန်ပြီးဖြန့်ပေးပါ။ပါးနိုင်သလောက်ပါးအောင်ဖြန့်ပြီးကျစ်နေအောင် လိပ်ပေးပါ။အစွန်းဘက်ကိုရေအနည်းငယ်စွတ်ပေးပြီးလိပ်ပါ။သုံးလုံးကိုလိပ်ပြီးသုံးလိပ်ရပါကအဝတ်ဖြင့်အုပ် ပေးပြီးခဏပြန်နှပ်ထားပါ။
(၉) ပြီးလျှင်တလိပ်ဆီကိုဂျုံဖြူးပြီးအရှည်လိုက်ရအောင်ပြန်ဖြန့်ပေးပြီးကျစ်နေအောင်ပြန်လိပ်ပါ။
(၁၀) သုံးလိပ်စလုံးကိုပြန်ဖြန့်ပြန်လိပ်ပြီးပါကတလိပ်ကို၆ပိုင်းအညီလှီးဖြတ်ပါ။ဘမ်းတခုတွင်စီထည့်ပြီး ဖုံးထားပါ။
(၁၁)ပြီးလျှင်ဖြတ်ပြီးသားအကွင်းတခုဆီကိုယူပြီးဂျုံအနည်းငယ်ဖြူးကာလိမ့်တုံးဖြင့်ပြန့်အောင့်လိမ့်ပေးပါ။လိမ့်တုံးတွင်မကပ်အောင်ဂျုံဖြူးရန်လိုအပ်ပါတယ်။ကပ်ပါကအလွှာလေးများ ကွာထွက်နိုင်၍အစာထည့်ရန် ခက်ပါတယ်။
(၁၂)ဂျုံတခုဆီကိုဖြန့်ပြီးမိမိနှစ်သက်ရာအစာအုန်းသီးမြေပဲဆိတ်သားအာလူးတို့က်ိုထည့်ပြီးလခြမ်းပုံခေါက်ပါ။ဘေးအနားများကို အတွန့်လေးများပေါ်အောင်လိပ်ပေးပြီးကြော်ရန်အသင့်ဖြစ်ပါပြီ။ ဆိတ်သားမုန့်အဝိုင်း ပြု လုပ်လိုပါက နှစ်ချပ်အသုံးပြုပြီးအစာထည့်ပန်းဖော်ပေးပါ။
(၁၃)အားလုံးအစာသွပ် ပန်းဖော်ပြီးပါကဆီအိုးတည်ကာ ဆီပူတွင်သုံးမိနစ်ခန့် အထက်အောင်လှည့်ပေးပြီး အရောင်ရကြွပ်သည်ထိကြော်ပေးပြီး ဆယ်ယူဆီစစ်ကာ အအေးခံပြီး တည်ခင်းသုံးဆောင် နိုင်ပါပြီ။(၁၄)ပဲယိုအုန်းသကြားတို့ကိုခြောက်အောင်ပြုလုပ်ပြီးထည့်ပါကလေလုံသောဘူးတွင်တပတ်ခန့်ထားပြီးကြွပ်ရွ သောဘီးမုန့်ကိုသုံးဆောင်နိုင်ပါတယ်။အုန်းသီးသကြားကိုမီးဖိုပေါ်တွင်တင်ပြီးအပူပေးကာသကြားပျော်ပြီး ခြောက်အောင်ထိုးပေးပါ။မြေပဲနှမ်းရောလိုပါကရောပါ။ဆိတ်သားမုန့်အတွက်ဆိတ်သားတောက် တောက်စင်းကိုဂျင်းကြက်သွန်ဖြူမဆလာဖြင့်ခြောက်အောင်ကြော်ဆားဟင်းခပ်မှုန့်ထည့်ကာကြက်သွန်နီကြော် ဖြင့်ရောပြီးသုံးပါကအထားခံတဲ့ဆိတ်သားမုန့်ရရှိမှာဖြစ်ပါတယ်။


No comments:

Post a Comment

@templatesyard