ထမင်းသုပ်


ပါဝင်ပစ္စည်းများ

  • ထမင်းဖြူ
  • ကြက်ဥ 
  • ဂေါ်ဖီ
  • ခရမ်းချဥ်သီးစိမ်း/နီ
  • အာလူး
  • မြန်မာနံနံပင်
  • မြေပဲစေ့
  • ပဲမှုန့်
  • ပုစွန်ခြောက်မှုန့် 
  • ဆား
  • ပုစွန်ထမ်းငံပြာရည်
  • ပဲငံပြညရည်အနောက်
  • ဟင်းချိုမှုန့်

ပြုလုပ်နည်း

1. ပထမဦးစွာ ဂေါ်ဖီ၊ ခရမ်းချဥ်သီးများကို ခပ်စိတ်စိတ်ပါးပါးလှီးပြီး ရေသန့်စင်အောင်ဆေးထားပါ။ (ပါးပါးလေးလှီးခြင်းအားဖြင် ထမင်းသုပ်ရဲ့ အရသာကိုပိုမြိန်စေပါတယ်) အားလူးများကိုလည်း အတုံးလေးများ လှီးထားပြီး အနေတော်ကျက်အောင်ပြုတ်ပေးပါ။ (အလုံးလိုက်မဟုတ်ပဲ အတုံးကလေးများလှီးပြီး ပြုတ်ပါက ပိုအကျက်မြန်စေပါတယ်)

2. ပြီးတဲ့အခါ အနေတော်ချက်ထားတဲ့ ထမင်းဖြူထဲသို့ အရသာမှုန့်များကို အနေတော်ထည့်ပြီး ပြုတ်ထားသော အာလူးလေးများနဲ့ အရွက်များကိုလည်း ရောမွှေထည့်ပါ။ သေချာနယ်ပြီးတာနဲ့ Half- Fried ကြက်ဥလေးအုပ် ပြီး အသင့်သုံးဆောင်လို့ရပါပြီ။


No comments:

Post a Comment

@templatesyard