ပါဝင်ပစ္စည်းများ
- ပုစွန်အကောင်သေး..........၂၀ ကောင်ခန့်
- ခဝဲသီး...........................၃ တောင့်
- ကြက်သွန်နီသေးသေး........၁ လုံး
- ကြက်သွန်ဖြူ ...................၃ တက်
- ပဲငံပြာရည်အကြည်
- ဆား
- ဟင်းခတ်မှုန့်
ချက်ပြုတ်နည်း
1. ပုစွန်တွေကို ခေါင်းချိုး၍ အခွံခွာထားပါ။
2. ခဝဲသီးတွေကိုအတောင့်လိုက်ရေပြောင်စင်အောင်ဆေးပြီးမှ အခွံခွာကာသင့်တော်သလိုလှီးဖြတ်ထားပါ။(အခွံခွာပြီးမှရေဆေးလျှင်အဟာရဓာတ်(အချိုဓာတ်)ဆုံးရှုံးနိူင်ပါသည်။)
3. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပြီး၊ ပုစွန်တွေကိုအိုးကင်းပူတိုက်ကာဆယ်ထုတ်ထားပါ။
4. ဆီအနည်းငယ်နှင့်ကြက်သွန်နီ ၊ဖြူ အရောကိုဆီသတ်ပေးပြီးမွှေးလာလျှင် ခဝဲသီးတွေထည့်ကြော်ပါ။
5. ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကြည်တို့ဖြင့်အရသာသွင်းပါ။
6. အိုးကင်းတိုက်ထားတဲ့ပုစွန်တွေပေါင်းထည့်ပြီးမွှေပေးပါ။
7. ငရုတ်ကောင်းမှုန့်လေးဖြူး ပြီးသုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment