ငါးဇင်ရိုင်းအိုးကပ်


ပါဝင်ပစ္စည်း

  • ငါးဇင်ရိုင်း
  • ခရမ်းချဉ်သီး
  • သံပုရာသီး/ ရှောက်သီး
  • ကြက်သွန်ဖြူနီ
  • ငရုတ်သီးစိမ်း
  • ပင်စိမ်း
  • မဆလာ

ပြုလုပ်နည်း

1. ငါးဇင်ရိုင်းကို သန့်ရှင်းပြီး ရေအထပ်ထပ် ဆေးထားပါ။
2. ဆား ဆနွင်း အချိုမှုန့် သံပုရာသီးတလုံး ညှစ်ထည့်ပြီး နယ်ပြီး ခဏ သိပ်ထားပါရှင်။ (ငါး မကြေမွရခြင်းရဲ့ လျို့ဝှက်ချက်က သံပုရာရည်ပါ။ ချက်လိုက်တဲ့အခါ တောင့်တောင့်လေး ဖြစ်စေပါတယ်။)
3. ကြက်သွန်ဖြူနီ ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပါ အရသာလိုသလိုထည့်ပါ။ ခရမ်းချဉ်သီး ဆီလှိမ့်လာရင် ငါးနယ်ထားတာ ထည့်ပါ။ ရေမထည့်ရပါ။ ငါးအနည်းငယ်နူးလာပြီဆိုရင်ငရုတ်သီးစိမ်းထည့်ပါ။ မီးအရှိန်ကို အောက်ဆုံးထားလိုက်ပါ။ ဇွန်းနဲ့မကော်ဘဲ အိုးကိုဘဲ လှုပ်လှုပ်ပြီး ချက်ပါ။ကျက်ခါနီးပြီဆိုရင် မဆလာလေး နဲ့ ပင်စိမ်းလေး အုပ်လိုက်ပါ။



No comments:

Post a Comment

@templatesyard