ချိစ်အာလူးလုံးကြော်


ချိစ်အရသာ စိမ့်စိမ့်လေးနဲ့ အာလူးလုံးကြော်လေး ကိုယ်တိုင်လုပ်စားချင်သူများအတွက် ကြွပ်ကြွပ်ရွရွ၊ ပူပူနွေးနွေးလေး စားလို့ရအောင် ဘယ်လို ကြော်ရမလဲ ကြည့်ကြည့်ရအောင်ပါ။
 
ပါဝင်ပစ္စည်း
  • အာလူး-(၃) လုံး
  • သကြား- စားပွဲတင်ဇွန်း(၂) ဇွန်း
  • ဆား- အနည်းငယ်
  • ချိစ်အတုံးသေး- (၁၀) တုံးခန့်
  • ကြက်ဥ-(၁)လုံး
  • မုန့်ကြွပ်မှုန့်- ပန်းကန်လုံး(၁) လုံး
ချိစ်အာလူးလုံးကြော်နည်း

၁။ ပထမဆုံး အာလူး(၃) လုံးကို အခွံနွှာပြီး ရေစင်အောင်ဆေးလို့ ပြုတ်လိုက်ပါ။ နူးအိလာပြီဆိုရင် ဆယ်ယူပြီး ကြိတ်ချေထားပါ။
၂။ အာလူးတွေ ကြေသွားပြီဆိုရင် သကြားလက်ဖက်စားဇွန်း (၂) ဇွန်း၊ ဆားအနည်းငယ် ထည့်ပြီး နယ်ပါ။
၃။ ကြက်ဥတစ်လုံး ခေါက်ထားပြီး ချိစ်အတုံးသေးလေးတွေနဲ့ မုန့်ကြော် ပြင်ဆင်ထားပါ။
၄။ အာလူးချေထားတာကို လက်ထဲမှာ အပြားလေးလုပ်ပြီး ချိစ်အသေးလေးတစ်တုံးထည့်ကာ အလုံးလေးတွေ လုံးပါ။ အာလူးတွေအကုန်လုံးထားလိုက်ပါ။
၅။ ပြီးရင်တော့ အဲဒီ့အာလူးလုံးလေးတွေကို ခေါက်ထားတဲ့ ကြက်ဥထဲ ထည့်နှစ်ပြီး မုန့်ကြွပ်ကပ်ပါ။
၆။ အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် အာလူးလုံးလေးတွေ ထည့်ကြော်လို့ ရပါပြီ။ ရွှေရောင်သမ်းလာပြီ ဆိုရင်တော့ အရသာ Very Good တဲ့ ချိစ်အာလူးလုံးရပါပြီ။
 
မှတ်ချက်။   ။ ချိစ်အတုံးသေးလေးတွေကို ဆိုင်တွေမှာအလွယ်တကူ ဝယ်လို့ရပါတယ်။ ကြော်တဲ့အခါမှာတော့ မတူးသွားအောင် ဂရုစိုက်ရပါမယ်။ မီးအေးအေး၊ ဆီများများနဲ့ အတွင်း၊အပြင် အကျက်ညီအောင် စိတ်ရှည် လက်ရှည်ကြော်ပေးပါ။

No comments:

Post a Comment

@templatesyard