ဒံပေါက်ချက်နည်း


ပါဝင်ပစ္စည်းများ

  • ကြက်သားဟင်း
  • ထမင်း
  • ဥနီ
  • ပဲသီးစိမ်း
  • သီဟိုစေ့
  • စပျစ်သီးခြောက်
  • ဆီချက်
  • အရောင်

ကြက်သားဟင်း ချက်ရန်
ဒယ်အိုးထဲကို ကြက်သွန်နီ ဆီသတ်ဆီ,ဂီးထောပတ်ရည် ဆတူ ထည့်၍ ဆီဆူလာလျှင် နှပ်ထားသောကြက်သား နှင့် ဆီချက်ဖပ်ကို ထည့်လုံးပါ။ကြက်သားကို 90% နူးအောင်ချက်၍ အဖုံးအုပ် ထားပါ။
 
ထမင်းချက်ရန်

1. ထမင်းပေါင်းအိုးနဲ့ ချက်လျှင် ဆား နဲ့ သကြားထည့်ပါ။ လေးညှင်း၊ ဖာလာ၊ သစ်ဂျပိုး၊ ကရဝေးရွက် ရေဆေး ပြီး အားလုံး တခါတည်း ရောထည့်၍ ချက်လိုက်ပါ။ ထမင်းအိုး နွှေးခလုတ်တက်သွားတာနဲ့ တပြိုင်နက် ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။

2. ထမင်း ရေငှဲ့ချက်လျှင် ရေထဲကို ဆန်ထည့်ပြီး ဆား နဲ့ သကြားထည့်ပါ။ လေးညှင်း၊ ဖာလာ၊ သစ်ဂျပိုး၊ ကရဝေးရွက်ရေဆေးပီး အားလုံး တခါတည်း ရောထည့်လိုက်ပါ။ ထမင်း ၈၀% ခန့်ကျက်ရင် ဇကာနဲ့ရေစစ်ပီး
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။
 
မုန်လာဥနီ၊ ပဲစိမ်း၊ သီဟိုစေ့၊ စပျစ်စေ့၊ ဆီချက်၊ အရောင်ထည့်ခြင်း

ဥနီ၊ ပဲစိမ်း၊ သီဟိုစေ့၊ စပျစ်စေ့၊ ဆီချက် အရောင်တို့ကို ထမင်းပေါ် တင်အုပ်လိုက်ပီး ထောပတ်ဆီ ဇွန်းကြီး တစ်ဇွန်းထည့်၍ အဖုံးပြန်အုပ်ထားလိုက်ပီး မီးအေးအေးနဲ့ ၃၅ မိနစ်ခန့်မီးဖိုပေါ်တင်နှပ်ထား ပီးရင်တော့ အလွယ်ဆုံး နဲ့ အရသာအရှိဆုံး ဒံပေါက်ထမင်းကို စားသုံးနိုင်ပါပြီ။
 
ဒံပေါက်ချက်ဖို့ ပြင်ဆင်ထားရန်

ကြက်သားကို
  • အချိုမှုန့်,ဆား
  • ဂျင်းထောင်း၊ ကြက်သွန်ဖြူထောင်း၊
  • ဒံပေါက်မဆလာ၊ ဆနွင်း၊ အရောင်တင်မှုန့်
  • ဒိန်ချဉ် အားလုံးထည့်နယ်၍ ရေခဲသေတ္တာထဲ တစ်ည နှပ်ထားပါ။ ( အချိန်မရလျှင် တစ်နာရီနှပ်ထားပါ။ )
1. ကြက်သွန်နီ ဆီချက် ချက်ထား၍ ဆီချက်ဖတ်တွေကို ( ဆား၊ သကြား၊ အချိုမှုန့်၊ ဒံပေါက်မဆလာ )နဲ့ နယ်ထားပါ။
2. အရောင် မန်ကျည်းစေ့ခန့်ကို ရေနဲနဲရောထားပါ။ များလွန်းရင် အရောင်တောက်တောက်ကြီးဖြစ်သွား ပါတယ်။
3. ဘာစမာတီ ( သို့ ) ပေါ်ဆန်းမွှေးနဲ့ ချက်ပါ။ ဘာစမာတီ ကတော့ ဆန်သားပိုလှပါတယ်။
4. အချို့က ဆီချက်ဖပ်ကို အရသာမနယ်ပါဘူး။ မင်မင်တော့ အရသာနယ်ပါတယ်။ ဒါမှ အနှစ်လေးတွေစားတဲ့ အခါ အရသာရှိနေမှာပါ။
ဂီးထောပတ်၊ ဒံပေါက်မဆလာ၊ ပဲစိမ်း၊ စပျစ်စေ့၊ သီဟိုရ်စေ့၊ အရောင် အားလုံး City Mart မှာ ဝယ်လို့ရ ပါတယ်။


No comments:

Post a Comment

@templatesyard