ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံ
- ဘဲဥ
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ဂျင်း
- ငရုတ်စိမ်းမှုန့်
- နံနံပင်
- ငံပြာရည်
- သံပုရာသီး
ပြုလုပ်ပုံ
1. အရင်ဆုံးကြက်ရင်ပုံ သို့ ပေါင်တစ်ခြမ်းကို ရေဆေးပြီး တစ်နာရီခန့် ပြုတ်ရထားရပါမယ် ဂျင်း ကြက်သွန်ဖြူ သကြားထည့်ပေးဖို့ လိုအပ်ပါတယ်။
2. ကြက်သားနူးလာပြီဆို ဆယ်ယူပြီး အသားနွှာထားပေးပါ သို့ အတုံးလှီးထားပေးပါ။ ပြီးမှ ဆား အရသာမှုန့် နယ်ပြီးနှပ်ထားပေးပါ။
3. ကြက်သွန်ဖြူ/နီကို ညက်အောင်ထောင်းပြီးဆီသတ်ပါ။ ငရုတ်စိမ်းမှုန့် နှင့် ငံပြာရည်ပါထည့်ဆီသတ်ပေးပါ။ ( အရောင်ရဲရဲလေးလိုချင်ရင် ဆီနီ သုံးလို့လည်းရပါတယ် ) ပြီးမှ ကြက်သားထည့်ပါ ရေအနည်းငယ်ထည့်ပြီး ဆီပြန်လာသည်အထိတည်ထားပေးပါ။ ဆီပြန်လာပြီဆို သုပ်စားမယ့်ကြက်သားအနှစ်လေးရပါပြီ။
4. တွဲဖက်စားမယ့် ဘဲဥကိုပြုတ်ပြီး လှီးထားပေးပါ။ နံနံပင် ကြက်သွန်နီ သံပုရာသီးလှီးထားပေးပါ။
5.
No comments:
Post a Comment