ထိုင်းတုံယမ်းပင်လယ်စာချဉ်စပ်


ပါ၀င်ပစ္စည်းများ....
  • ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
  • စွတ်ပြုပ်ပာင်းရည်...........၂ လီတာ
  • တုံယမ်းဟင်းအနှစ်........၂ဇွန်း(ထမင်းစားဇွန်း)
  • အုန်းနိူ. .......................၁ဗူး ( ၄၂၀ ဂရမ် )
  • ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
  • ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
  • စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
  • ပဒဲကော......................၁ တက် ( ပါးပါးလှီး)
  • ချင်း............................၁တက်(ပါးပါးလှီး)
  • ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
  • ရှမ်းနံနံ
  • တောရှောက်ခါးရွက်
  • ငရုတ်သီးစိမ်းတောင့်
ချက်ပြုတ်နည်း
1. ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ။ (ကြည်လင်စေရန်အမြှုပ်များကိုခပ်ထုပ်ပစ်ပါ)
2. မိမိဆေးကြောသန့်စင်ထားသော ပင်လယ်စာများကို ရေနွေးဆူဆူတွင် သံပုရာသီး၁စိတ် ၊ တရုတ်နံနံ လေးထည့်ပြီးခေတ္တရေနွေးဖျောပေးပါ။ (သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်) ရေအေးဖြင့်ဆေးပြီး ရေစစ်ပါ။)
3. ပါ၀င်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန်.စင်ထားပါ။ အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်။
4. ပထမဆုံးကြည်လင်သော ကြက်ရိုးပြုတ်ရည်ထဲသို.တုမ်ယမ်းဟင်းအနှစ်၊ကြက်သွန်နီလေးစိတ်နှင့် စပါးလင်၊ပဒဲကော၊ချင်း၊တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။
5. အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊ သကြားတို့ဖြင့်ဖြည့်စွက်ပါ။
6. ပာင်းရည်တစ်ခါ ဆူပွက်လာလျှင် သန့်စင်ထားသောမှိုကိုထည့်ပါ၊ မှိုထည့်ပြီးနောက် တစ်ခါထပ်ဆူပွက် လာလျှင် မီးပြင်းအားကိုလျှော့ချပါ(မီးပြင်း ပြင်းနှင့်ထားလျှင် ပာင်းရည်နောက်ကျိသွားနိူင်ပါသည်။)
7. ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။
8. အုန်းနိူ့ကိုလည်း ထပ်ပေါင်းပြီးတစ်ပွက်ဆူအောင် တည်ပါ။ (အချို့က အုန်းနို့အစား နွားနိူ့ကိုအသုံးပြုပေမယ့် အုန်းနိူ့ နဲ.မှသာအရသာအစစ်ကိုရရှိနိူင်ပါတယ်)
9. ဆူပွက်လာလျှင်ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး သံပုရာရည် (သို့) ရှောက်ရည်(အသီးကိုညှစ်ထည့်ပါ က..ပိုမိုကောင်းမွန်ပါတယ်)။
10. စားသုံးခါနီး ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီးကြိုက်နှစ်သက်ပါက..နံနံပင်လေးထည့်သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment

@templatesyard