ဝက်မျှစ်ချဉ်ချဉ်စပ်


ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား
  • ဝါးပိုးမျှစ်ချဉ်နုနု
  • ဆနွင်း
  • ဆီ
  • ငရုတ်သီးစိမ်း
  • သကြား
  • အစိမ်းမှုန့် သို့အရောင်တင်မှုန့်
  • အသားမှုန့်
  • ငံပြာရည်
  • ဆား
  • ကြက်သွန်နီ

ချက်ပြုတ်နည်း

1. ပထမဆုံး ဝက်သားကိုရေဆေးပြီး ဆား နနွင်း အရောင်တင်မှုန် အသားမှုန့် သကြား နဲ့ နှပ်ထားပါမယ်။
2. မျှစ်ချဉ်ကိုရေတစ်ထပ်ဆေး နောက်တစ်ရေကျရင်အချဉ်ရေကိုသွန်မပစ်နဲ့ သိမ်းထားပါ၊မျှစ်ချဉ်ဖတ်ကို ရေစစ်ထားပါ။
3. ဆီပူပူမှာ ဝက်သားနဲ့ငရုတ်သီးစိမ်းရယ်ကြက်သွန်နီရယ်ထောင်းပီးသားကို ရောပြီးဆီသတ်ပါမယ်။
4. ရေစစ်ထားတဲ့မျှစ်ချဥိကို ထည့်လုံးပါမယ်။
5. မွှေးနံ့ရရင် အရသာထည့်မယ် ခုနကဖယ်ခါးတဲ့မျှစ်ချဉ်ရေပြန်ထည့်ပါမယ်။
6. ပွက်ပွက်ဆူလာရင် မိနစ်အနည်းငယ်ထပ်စောင့် ဝက်သားနူးရင်အိုးချကာ အညာငရုတ်သီးထောင်း နှင့် တွဲဖက်သုံးဆောင်တိုင်ပါပြီ။



No comments:

Post a Comment

@templatesyard