အညာစတိုင်စကောထမင်း


အညာစတိုင် ဟင်းလျာတွေနဲ့ တွဲဖက်ထားတဲ့ စကောထမင်း ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ စကောထမင်းမှာ အညာစတိုင် ကြက်ကြော်၊ ငါးသလဲထိုး အကြွပ်ကြော်၊ မောင်မခေါ်ပဲဟင်း၊ ဌက်ပျောဖူးဟင်း လေးနဲ့ ထမင်းမြိန်မြိန်လေး လုပ်စားနိုင်အောင်ပါ။

ဌက်ပျောဖူးဟင်း

ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ဝယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ဌက်ပျောဖူး – ၁ဖူး
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
  • ငပိ (စိမ်းစား) – လက်ဖက်ရည်ဇွန်း တဝက်


ချက်နည်း

၁။ အရင်ဆုံး ဌက်ပျောဖူးကို ရင့်တဲ့ အပိုင်းနဲ့ အဖြူရောင်အတံများကို ဖယ်ပေးပါ။ ကျန်တဲ့ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)။ ဌက်ဖျောဖူးများ မမဲသွားစေရန် ဖြစ်သည်။ ချက်ခါနီး ဆနွင်းအရည်များသွန်ပြီ အရည်စစ်ပြီမှ ထည့်ပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ။ ကြက်သွန်နီ ဆီသပ်ပေးပါ။
၃။ ပြီမှ ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ပုဇွန်ခြောက်မှုန့်၊ ဌက်ပျောဖူးများ ထည့်ပြီ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၄။ ပြီနောက် ရေ(ခွက်တဝက်)၊ ဆား၊ ကြက်သားမှုန့်၊ ငပိ၊ တို့ကို ထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။
၅။ ဆီပြန်လျှင် အရသာကောင်းမွန်သော ဌက်ပျောဖူး ဟင်းလျာကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ။


မောင်မခေါ်ပဲဟင်း

အညာစတိုင် မောင်မခေါ်ပဲဟင်းပါ။ စားကောင်းလွန်းလို့ မောင်ကိုတောင် မခေါ်နိုင်ဆိုတဲ့ ဟင်းလေးပါ။ မောင်မခေါ်ပဲကို ခရမ်းချဉ်သီးနဲ့ ရောချက်ထားတာပါ။ ထမင်းမြိန်စေတဲ့ ဟင်းရံ တမျိုးပါ။


ပါဝင်ပစ္စည်းများ

  • မောင်မခေါ်ပဲ– ၂၀၀ ဂရမ် (အခွံနွှာထားပေးပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ(သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး မောင်မခေါ်ပဲကို ရေစင်အောင်ဆေးပြီ အခွံနွှာထားပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဆီ (သို့) ထောပတ် အပူပေးပြီ ပူလာလျှင် ကြက်သွန်နီ ဆီပူထိုးပေးပါ။
၃။ ပြီလျှင် ဆနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့် ရောမွှေပေးပါ။
၄။ ထို့နောက် ခရမ်းချဉ်သီး၊ မောင်မခေါ်ပဲ၊ ရေ(၂၀၀မီလီလီတာ)၊ ဆား၊ ကြက်သားမှုန့် ထည့်ကာ အဖုံးအုပ်ပြီ ပဲကြီး နူသည်အထိ တည်ထားပေးပါ။ (ရေလိုလျှင် ထပ်ထည့်ပေးပါ)
၅။ ဆီပြန်လာလျှင် နံနံပင် အုပ်ပြီ အရသာရှိသော မောင်မခေါ်ပဲဟင်းလျာ သုံးဆောင်လို့ ရပါပြီ။

ငါးသလဲထိုး အကြွပ်ကြော်


ပါဝင်ပစ္စည်းများ

  • ငါးသလဲထိုး ၁၅ကျပ်သား
  • ဂျုံမှုန့် - ၂၀၀ ဂရမ်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ များများ (ကြော်ရန်)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးသလဲထိုးများကို ဆား၊ အသားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။
၂။ ပြီနောက် ဂျုံမှုန့်များဖြင့် ကပ်ပေးပါ။
၃။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ငါးသလဲထိုးများကို ကြွပ်ရွသည်အထိ ၄မိနစ်ခန့်ကြော်ပေးရမှာပဲ ဖြစ်ပါတယ်...

ကြက်သားကြော်


ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံ (မြန်မာကြက်သား) - တကောင်
  • ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆီများများ (ကြော်ရန်)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သားများကို (ဆား၊ အသားမှုန့်၊ အချိုမှုန့်၊ နနွင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပြီ အနည်း ဆုံး ၁နာရီခန့် နှပ်ထားပေးပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ကြက်သားများကို မီးအသင့်တင့်ဖြင့် ရွှေညိုရောင်သန်း သည်အထိ ကြော်ပေးပါ။



No comments:

Post a Comment

@templatesyard