ဘဲကင်


ပါဝင်ပစ္စည်းများ
  • ကြက် ၊ ဘဲ - နှစ်သက်ရာ
  • ပျားရေ - ၁ဇွန်း (ဟင်းချိုဇွန်း)
  • ရေ - ၂ ဇွန်း (ယောက်ချိုဇွန်း)
  • ရှာလကာရေ - အနည်းငယ်
  • အချိုမှုန့် - ၅၀ ဂရမ်
  • ဆား - ၅၀ ဂရမ်
  • ဂျင်း - ၅၀ ဂရမ်
  • ကြက်သွန်နီ - ၅၀ ဂရမ်
  • စမုန္စပါး - ၅၀ ဂရမ်
  • လေညှင်း - ၅၀ ဂရမ်
  • ဖာလာ - ၅၀ ဂရမ်
  • နံနံပင်
  • ကြက်သွန်မြိတ်
  • ဆီ
ပြုလုပ်နည်း
1. ပျားရေ ၊ ရေ ၊ ရှာလကာရေ အားလုံးကို ရေဆူအောင် ပြုတ်ပြီးလျှင် အကြိမ် ၂၀ ခန့် ကြက်သား ၊ ဘဲသား ကိုလောင်းပေးပါ ။
2. အချိုမှုန့် ၊ ဆား ၊ ဂျင်း ၊ ကြက်သွန်နီ ၊ စမုန္စပါး ၊ လေညှင်း နှင့် ဖာလာ အားလုံးကို ကြက် ၊ ဘဲ ဝမ်းထဲကို ထည့်ပါ ။
3. ကြက် ၊ ဘဲ ၏ ဝမ်းပေါက်ကို စူးချွန်းနဲ့ လုံအာင်ပိတ်ပါ ။ချွင်းချက် အနေဖြင့် နံနံပင် ၊ ကြက်သွန်မြိတ် နှစ်သက်ရင်လည်း ထည့်လို့ ရပါတယ် ။
4. သံစည်ပိုင်း ထဲမွာ ၁၅ မိနစ်ခန့် ကင်ပါ ကင်ပြီးသွားရင် ဆီကို ဆူအောင် ချက်ပြီး မီးကို အေးအေး ထားပါ ။
5. ဆီ ဆူပြီးသားထဲကို ကြက် ၊ ဘဲ ကို ၁၅ မိနစ်ခန့် ထည့်ပါ ။ အဲဒါပြီးရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ကြက် ၊ ဘဲ ကို အသင့် စားလို့ရပါပြီ။

No comments:

Post a Comment

@templatesyard