သံပုရာချဉ်လုပ်နည်း


ပါဝင်ပစ္စည်းများ

  • သံပုရာသီး ၁၅ လုံး
  • စမုန်စပါး ၁ ဇွန်း ( ထမင်းစားဇွန်းဖြင့် )
  • ငရုပ်သီးအစိမ်းမှုန့် ( တဇွန် )
  • စားဆီ ၂၀ ကျပ်သား ( အနည်းငယ်တိုးထည့်လဲရ)
  • မုန်ညှင်းစေ့။ ဇီယာစေ့။မဆလာ။ ဆနွံး - နနွင်းမှုန့် (အသင့်အတင့်)
  • သကြား ၁ ဇွန်း ( လဖက်စားဇွန်းဖြင့် )
  • လေလုံသောဖန်ဗူး ( ကြာရှည်စွာစားသုံးရန် )
ပြုလုပ်ပုံ
1. သံပုရာသီးတွေကို ဆားနဲ့နယ်၍ ပုလင်းထဲထည့်ပါ။
2. နေပူမှာ သုံး လေးရက် ထုတ်လှမ်းပီး အငံရည်တွေကို သွန်ပစ်လိုက်ပါ။
3. အသီးကို လေးစိပ်စိပ်ပီး အစေ့တွေကို ထုတ်လိုက်ပါ။
4. အိုးထဲမှာဆီထည့်ပြီး မီးဖိုပေါ်မှာ ဆီဆူအောင်ထားပါ။
5. ဆီဆူလာရင် မီးပိတ်လိုက်ပီး စမုန်စပါး. မုန်ညင်းစေ့, ဇီယာစေ့,မဆလာ,ဆနွင်း,ငြုပ်သီးအစိမ်းမှုန့်,တို့ကို ထည့်မွှေပါ။
6. သံပုရာသီးစိပ် နဲ့ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်မွှေပါ။
7. သကြား လဖက်စားဇွန်းတဇွန်းထည့်ပါ။ ( အချဉ်ပေါ့စေဖို့ )
8. အားလုံးရောမွှေပီးရင် သံပုရာသီးသနပ်ရပါပြီ။
9. ပုလင်းနဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာထားပါ။ ( အကြာကြီးခံပါတယ် )
 
နံနက်ခင်း ထမင်းကြော်နဲ့ပဲစားစား,ဒံပေါက်နဲ့ပဲစားစား,ဆိတ်သား,ကြက်သားဟင်းနဲ့ပဲစားစား, ပဲကုလားဟင်းနဲ့ပဲ စားစား အရမ်းကိုလိုက်ဖက်ပြီးကျန်းမာရေးနဲ့ညီညွှတ်သော သံပုရာသီးသနပ်ပါ။ ။ သံပုရာသီးကို မှိုမတက် အောင် ဆီမြုပ်အောင်ထည့်ပေးထားပါ။ဆားထပ်မထည့်ရပါဘူး။ ဆားနယ်ပီးသားမို့ပါ။ အချဉ်ပေါ့ချင်ရင်တော့
လေးစိပ် အရင်ခွဲပီး ဆားနယ်, နေပူလှန်းပီးမှဆားရေသွန်ပီး ဆီသတ်ပေးပါ။ အချဉ်ကြိုက်သူဆိုရင်တော့ အလုံးလိုက်နေလှမ်းပီးမှလေးစိပ်ခွဲ ဆီသတ်တာပါ။

No comments:

Post a Comment

@templatesyard