မုန့်လက်ကောက် (မြန်မာဒိုးနတ်)


ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် ဟင်းစားဇွန်း(၈)ဇွန်း
  • ဆန်မှုန့်အစိမ်း ဟင်းစားဇွန်း(၄)ဇွန်း
  • ထန်းလျက်(၈)လုံး
  • ဆီ ဟင်းစားဇွန်း (၁၀)ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း

1. ပထမဆုံး ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်နဲ့ ဆားအနည်းငယ်တို့ကို ခွက်တစ်ခုထဲရောထည့်ပြီး ရေအေး အနည်းငယ်ဖြင့် သမအောင်နယ်ပါ။ 

(ကောက်ညှင်းမှုန့် ဆန်မှုန့်ထဲကို အစကတည်းက ရေအများကြီး မထည့်သင့်ပါဘူး။ ရေအများကြီးထည့်မိရင် ပျော့ပြဲပြီး နယ်လို့မကောင်းလို့ ဆန့်မှုန့်တွေထည့်လိုက် ကောက်ညှင်းမှုန့်တွေ ထည့်လိုက်နဲ့ မုန့်တွေအများကြီးဖြစ်သွားတတ်ပါတယ်။ သတိထားရမှာကကောက်ညှင်း(၂)ဆ၊ ဆန်မှုန့် (၁)ဆ ထည့်ရမှာပါ။)

2. မုန့်နယ်တဲ့အချိန်မှာ ရေနည်းနည်းထည့်လိုက် နယ်လိုက်လုပ်ပေးရမှာပါ ။ ၁၅မိနစ်လောက် နယ်ပြီူတဲ့အချိန်မှာ မုန့်သားက မပျော့မမာ အနေအထားရပြီဆိုရင်တော့ မုန့်တစ်ခုစာ အလုံးလေးတွေလုံးပြီးထားပါ။

3. ထန်းလျက်ခဲများကို ရေဆေးပြီး ထန်းလျက်ခဲများနှင့်အတူ ရေဖန်ခွက် တစ်ဝက်ခန့် ထည့်ပြီး ထန်းလျက်ရည် ဟင်းစားဇွန်း(၃)ဇွန်းခန့်ကျန်သည်အထိ ကြိုပါ။ ထန်းလျက်ရည်များ ရပါက ဇကာတစ်ခုဖြင့်စစ်ထားပါ။

4. မုန့်လက်ကောက်ကြော်မည့်ဒယ်ထဲသို့ ဆီများထည့်ပြီး ဆီပူအောင်တည်ထားပါ။ ဆီပူလာပါက လုံးထားသောမုန့်လုံးများ လက်ကောက်ပုံစံပြုလုပ်ပြီး မုန့်တစ်ကွင်းချင်း မီးအေးအေးဖြင့်ကြော်ပါ။

(မုန့်လက်ကောက်ကြော်ရာမှာ မီးပြင်းပြင်းနဲ့ကြော်ရင် မုန့်တွေပေါက်ပြီးစင်တတ်လို့ သတိထားဖို့လိုပါလိမ့်မယ်။)

5. မုန့်လက်ကောက်များ မီးအေးအေးနဲ့ကြော်ပြီးပါက ထန်းလျက်ရည်ဖြင့် တွဲဖက်ပြီး စားသုံးလို့ရပါပြီ။


No comments:

Post a Comment

@templatesyard