ဝက်သားသုံးထပ်သားကြော်


ပါဝင်ပစ္စည်းများ

  • ဝက်သုံးထပ်သား ၁ ကီလို (၅ လက်မခန့်အလျား နှင့် ၁ လက်မခွဲခန့် အနံ အတုံးများလှီးထားပါ။) 
  • သစ်ဂျပိုးခေါက် (cinamon stick) အရှည် ၂ လက်မခွဲခန့် ၂ ချောင်း
  •  နာနတ်ပွင့် (star anise) ၅ ပွင့်
  •  ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း ၁ ဇွန်း
  •  အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

ကြော်နည်း

1. အသားမြုပ်အောင်တည်ထားသည့် ပွက်ပွက်ဆူနေသော ရေနွေးထဲ သစ်ဂျပိုး၊ နာနတ်ပွင့် နှင့် ဝက်သားထည့် ပြီး အိုးအဖုံး အနည်းငယ်ဟကာ အခေါက်ပျော့အောင် မိနစ် ၄၀ ခန့် medium heat ဖြင့်ပြုတ်ပေးပါ။ (ထွက်လာသည့် အမြှုပ်များအားခပ်ထုတ်ပြီး မဝေကျနိူင်တော့မှ အိုးအဖုံးကို လုံအောင်ဖုံးပါ။)

2. အခေါက်ပျော့လျှင် အသားကိုရေစစ်ပြီးဆယ်ထုတ်ကာ အေခါက္ဖက္ကို ခက်ရင်းဖြင့် အချက်ပေါင်းများစွာထိုး ပေးပြီး ပဲငံပြာရည်အပျစ်၊ အရသာမှုန့်တို့ ဖြင့်နယ်၍ အအေးခံထားပါ။

3. ပြီးလျှင် medium heat ဖြင့်အပူပေးထားသည့် ဟင်းချက်သည့် အိုးစောက်စောက်ထဲမှ သိပ်မပူသေးသော ဆီထဲ တစ်ဖက်လျှင် ၅ မိနစ်ခန့်ဖြင့် ၁၀ မိနစ်ခန့် ကြော်ပါ။


4. အရမ်းပေါက်တတ်သဖြင့် လေးသည့်အိုးအဖုံးကို အနည်းငယ်ဟပြီးဖုံး ကာကြော်ပေးပါ။ မီးပိတ်ပြီးမှ နောက်တစ်ဖက်ကိုလှန်ပေးပါ။ လှန်ပြီးမှ မီးကိုပြန်ဖွင့်ပေးပါ။

5. မီးထပ်ပိတ်ပြီးမှ အသားကို ဆီစစ်ပြီး ဆယ်ထုတ်ပေးပါ။

6. ပြီးလျှင် ပုံပါအတိုင်းလှီးကာ မိမိကြိုက်နှစ်သက်သလို သုံးဆောင်နိူင်သလို၊ ပန်းပေါက်စီငရုတ်ချဉ်တို့ဖြင့် လည်း တွဲဖက်ပြီး အရသာရှိစွာသုံးဆောင်နိူင်ပါတယ်။


No comments:

Post a Comment

@templatesyard