ငါးချဥ်စပ်


ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၆မွှာနုတ်နုတ်စင်း
  • ဂျင်းလက်တစ်ဆစ်
  • ကြက်သွန်မိတ် ၃ပင်
  • သစ်ဂျပိုးသေးသေး
  • နာနတ်ပွင့်
  • ငရုတ်ခြောက် ၅ခု
  • ငရုတ်ကြမ်းဖတ် အနည်းငယ်
  • ငရုတ်နှစ်ထမင်းစားဇွန်း ၁ဇွန်း
  • ငရုတ်ချဉ်ပဲငပိနှစ်
  • ပဲငံပြာရည်
  • သကြား
  • ငံပြာရည်
  • ရှလကာရည်
  • ကော်မှုန့်အနည်းငယ်စီလိုအပ်ပါတယ်။

ချက်ပြုတ်နည်း

1. နှစ်သက်ရာ ငါးတစ်ကောင်ကိုအကြေးခွံထိုးဗိုက်ခွဲရေဆေးသန့်စင်ပါ။သံပုရာသီး ၂စိတ် ဆားနနွင်းတို့ကို ရောနယ်ပြီးငါးကိုပွတ်နယ်မယ်။
2. ၅မိနစ်လောက်ခဏနှပ်ထားပြီးရေစင်စင်ဆေးချပါတယ်။အညှီအချွဲတွေပျောက်အောင်ပါ။
3. ရေခဏစစ်ထားပြီး မီးဖိုးချောင်သုံးစက္ကူနဲ့သုတ်ပြီးငါးက်ုဆားနနွင်းငရုတ်ကောင်းနဲ့နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။နှပ်ထားတဲ့အချိန်မှာ အနှစ်အတွက်ပြင်ဆင်ထားပါ။
4. အိုးထဲကိုဆီစားပွဲတင်၁ဇွန်းထည့်ပြီး ပူလာလျှင် ငါးကိုထည့်ပြီး တဖက်ကို၃ မီနစ်စီကြော်ပါ။ ​အ​ရေပြား တင်းရုံလောက်ပါ။ 

5. ပြီးရင်ဆယ်ထားပြီးကျန်တဲ့ဆီထဲကိုငရုတ်အကြမ်းဖတ်နဲ့ ငရုတ်ခြောက်ထည့်ကြော်ပါ၊အနံမွှေးလာလျှင် ဆယ်ထားပြီးအိုးထဲသို့ကျန်တဲ့ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်နှစ်၊ သစ်ကြပိုး၊ နာနတ်ပွင့်ထည့် ဆီသတ်ပါ။

6. မွှေးလာသည့်အခါ ငရုတ်ချဉ်၊ ငံပြာရည်၊ ပဲငံပြာရည်သကြားထည့်မွှေပြီးခဏကြာမှရေနို့ဆီဗူးတဝက်ခန့် ထည့်ပြီးဆူအောင်တည်ပါ။
7. ဆူလာမှမီးလျော့ပြီးငါးကိုထည့်ကာအိုးထဲမှအရည်ကိုဇွန်းနဲ့ခက်ပြီးငါးပေါ်လောင်းချပေးပါတယ်။

8. အဖုံးအုပ်ထားပြီး ၅မိနစ်တစ်ခါ အဖုံးဖွင့်ကာငါးပေါ်ကိုလောင်းချပေးပါ။ ၂ဖက်မျှပြီးအရသာဝင်အောင်ပါ။

9. မိနစ်၂၀လောက်ကြာပြီဆိုငါးလဲကျက်ပြီးမို့ဖြေးဖြေးဆယ်ပြီးပန်းကန်ထဲထည့်ပါ။ အိုးထဲမှကျန်တဲ့အရည် ထဲကို ကြက်သွန်မိတ်ထည့်မွှေပါ။

10. ဆယ်ထားသောငရုတ်ခြောက်များထည့်ပါ။ နောက်ဆုံးမှာ ကော်မှုန့်ရေဖျော်ထည့်ပြီးမွှေကာ ငါးပေါ်သို့ လောင်းချကာ အရသာရှိတဲ့ ငါးချဥ်စပ်ရပါပြီ။



No comments:

Post a Comment

@templatesyard