ငါးခြောက်ပဲကြီးဟင်း


ငါးခြောက်ပဲကြီးဟင်းပါ။ ဒီချက်နည်းက သီးစုံကုလားဟင်း ချက်နည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် အရသာ တမျိုးလေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ ငါးခြောက်နဲ့ သီးစုံ၊ အာလူးနဲ့ ရောချက်ထားတာပါ။

ပါ၀င်ပစ္စည်းများ

  • ပဲကြီး – နို့ဆီဘူး (တ၀က်)
  • ငါးခြောက် (သို့) ငါးရံ့ခြောက် – ၁၀ကျပ်သား (၁လက်မအရွယ် အတုံးများ တုံးပါ)
  • ရုံပတေသီး – ၆တောင့် (၁လက်မအရွယ် ပိုင်းဖြတ်ပေးပါ)
  • ခရမ်းသီး – ၁ခု (အတုံးများ တုံးပေးပါ)
  • အာလူး(လုံးသေး) – ၈လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မန်းကျဉ်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • မဆလာ – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ကလဝေရွက် – ၂ရွက်
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ပဲနံ့သာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (optional)
  • ရေ – ခွက် ၁ခွက်


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ပဲကြီးထည့်၊ ပဲကြီးလက်၂ဆစ်မြုပ်ရုံ ရေထည့်ပြီ ၅မိနစ်ခန့် ပြုတ်ပေးထားပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ပဲနံ့သာ၊ ကလဝေးရွက်တို့ကို ဆီသပ်ပေးပါ။

၃။ ပြီနောက် ငရုတ်သီးမှုန့် ထည့်ပြီ မိနစ်၀က်ခန့် ရောမွှေပါ။

၄။ ထို့နောက် ငါးခြောက်၊ ပဲကြီး၊ ရုံပတေသီး၊ ခရမ်းသီး၊ အာလူး၊ ရေ(ခွက် ၁ခွက်) ထည့်ပြီ ဆူအောင် တည်ထားပေးပါ။

၅။ သီးစုံနွမ်းသွားပြီဆိုလျှင် မန်းကျည်းရည်ထည့်၊ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပေးပါ။

၆။ နောက်ဆုံးမှ မဆလာ၊ နံနံပင် အုပ်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ။


No comments:

Post a Comment

@templatesyard