ကြက်သားနှင့်ပဲသွေးဟင်းချို


ပါဝင်ပစ္စည်းများ

  • အရိုးထုတ်ကြက်သား.....၁၀ကျပ်သား
  • ကြက်ရိုး...................အနည်းငယ်
  • ပဲသွေး.......................၅တုံး
  • ကြက်သွန်ဖြူ................၃တက်
  • ချင်းသေးသေး..............၁တက်
  • တရုတ်နံနံ+ကြက်သွန်မြိတ်..အနည်းငယ်

ချက်ပြုတ်နည်း

1. ပထမဆုံးကြက်ရိုးကိုပြုတ်ရည်ကြည်လေးရအောင်ပြုတ်ပြီးစစ်ယူထားပါ။

2. ပဲသွေးအတုံးလိုက်ကိုရေဆူဆူမှာ(၅)မိနစ်ခန့်ပြုတ်ထားပါ။

3. ကြက်သားနှင့်ကြက်သွန်ဖြူ ၁တက်ကိုနုပ်နုပ်စဉ်းပြီးပြောင်းမှုန့်အနည်းငယ်ဖြူးကာအရသာထည့်နယ်ပါ။

4. ပြုတ်ရည်ကိုပြန်အပူပေးပါ။ချင်းနှင့်လက်ကျန်ကြက်သွန်ဖြူ ကိုပါးပါးလှီးထည့်ပါ။

5. ပဲသွေးတွေကိုအတုံးငယ်များတုံးပြီးထည့်ပါ။ကြက်သားကိုလဲပဲသွေးတုံးငယ်များအရွယ်လက်နှင့်ဆုပ် ပြီးထည့်ပါ။

6. ပဲငံပြာရည်အကြည်၊ဆား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်၊ငရုတ်ကောင်းမှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

7. နောက်ဆုံး၁လက်မအရွယ်လှီးထားသောတရုတ်နံနံနှင့်ကြက်သွန်မြိတ်များထည့်ပါ။





No comments:

Post a Comment

@templatesyard