ဆေးဘဲဥအပွကြော်နှင့်ဝက်ပင်စိမ်းအကြွပ်


ဆေးဘဲဥအပွကြော်အတွက်
ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ............၃လုံး
  • ကြက်ဥ...............၁လုံး
  • ဂျုံမှုန့်...................အနည်းငယ်
  • မှုန့်ကြွပ်မှုန့်...........အနည်းငယ်


1. ဆေးဘဲဥကို(၇)မိခန့်ပြုတ်ပြီးအအေးခံပါ။

2. ကြက်ဥကိုအနှစ်ရည်ရအောင်ခေါက်ပါ။

3. ဆေးဘဲဥကိုကြက်ဥရည်ထဲနှစ်ပါ။ ဂျုံမှုန့်ကပ်လူးပါ။

4. ကြက်ဥရည်ထဲပြန်နှစ်ပြီးမှုန့်ကြွပ်မှုန့်ကပ်ပြီးဆီပူပူမှာအပွကြော်ပါ။

ဝက်ပင်စိမ်းအကြွပ်အတွက်
ပါဝင်ပစ္စည်းများ

  • ဝက်နုပ်နုပ်စဉ်း..........၁၅ကျပ်သား
  • ငရုတ်တောင့်နီ..........၇တောင့်
  • ကြက်သွန်ဖြူ.............. ၅တက်
  • ယိုးဒယားပင်စိမ်း(ကဖောင်ပင်စိမ်း)..၁စည်း


1. ကြက်သွန်ဖြူ နှင့်ငရုတ်သီးနီကိုခပ်ကြမ်းကြမ်းထောင်းပြီးဆီသတ်ပါ။

2. ဝက်သားနုပ်နုပ်စဉ်းတွေထည့်ကြော်ပါ။

3. ငါးငံပြာရည်၊ခရုဆီ၊ သကြား၊ ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

4. ကဖောင်ပင်စိမ်းရွက်တစ်စည်းရဲ့ထက်ဝက်ခန့်ကိုထည့်မွှေပေးပါ။(ကျန်ပင်စိမ်းတစ်ဝက်ကိုဆေးဘဲဥအပွကြော်တဲ့အချိန်မှာဆီပူပူထဲထည့်ပြီးအကြွပ်ကြော်ကာဆယ်ယူထားရပါမယ်)

5. ပြင်ဆင်မယ့်ပန်းကန်ထဲကိုဆေးဘဲဥအပွကြော်တွေကိုထက်ခြမ်းခွဲထည့်ထားပါ။

6. ဝက်သားပင်စိမ်းရောကြော်ထားတာကိုအပေါ်မှဖြန့်အုပ်ပါ။

7. အကြွပ်ကြော်ထားတဲ့ပင်စိမ်းအကြွပ်ကြော်လေးကိုအပေါ်မှဖြူးပေးပါ။


No comments:

Post a Comment

@templatesyard