ငါးကြင်းဆီပြန်


ငါးကြင်းကို ချိုစပ် ဆီပြန်လေး ချက်ထားတာပါ။ငါးကို ဂျုံနဲ့ အရင်ကပ်ကြော်ပြီးမှ အနှစ်များများနဲ့ချက်ထား တာမို့ ထမင်းမြိန်မယ့် ဟင်းတစ်ခွက်ပါ။

ပါ၀င်ပစ္စည်းများ

  • ငါးကြင်း - ၃၀၀ ဂရမ် (၂၀ ကျပ်သား) (၁လက်မအရွယ်လေးများ တုံးပါ)
  • ခရမ်းချဉ်သီး - ၁လုံး (အစေ့ထုတ်ပြီး အရှည်ပါးပါးလှီးပါ)
  • ငရုတ်သီးတောင့်နီ - ၂^ ၄တောင့် (ထက်ခြမ်းခြမ်းပါ)
  • ကြက်သွန်ဖြူ - ၃မြွှာ (ထောင်းထားပါ)
  • ကြက်သွန်နီ - ၁လုံး (နုပ်နုပ်စဉ်းပါ)
  • ချင်း - လက်တစ်ဆစ် (နုပ်နုပ်စဉ်းပါ)
  • ငရုတ်သီးဆီသတ်ပြီးသား - စားပွဲဇွန်း ဇွန်း (ငရုတ်သီးမှုန့်-စားပွဲဇွန်း ၁ဇွန်း ကို ဆီချက်ထားပါ)
  • ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံပင် - လက်တစ်ဆုပ်စာ (ပါးပါးလှီးထားပါ)
  • ရှမ်းနံနံ - ၂ပင်(ပါးပါးလှီးပါ)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးကြင်းကို (ဆား-လက်ဖက်ရည်ဇွန်း တစ်၀က်၊ ခနောကြက်သားမှုန့်-လက်ဖက်ရည်ဇွန်း တစ်၀က်) တို့ဖြင့်ရောနယ်လိုက်ပြီး ဂျုံမှုန့်များ ကပ်ပေးပါ။

၂။ ပြီးလျှင် ဒယ်အိုးထဲ ဆီများများထည့်ပြီးဂျုံကပ်ထားသော ငါးကြင်း များကိုအညိုရောင်သမ်းသည်အထိ ထည့်ကြော်ပေးပါ။

၃။ ထို့နောက် ဒယ်အိုးထဲ ဆီ(စားပွဲဇွန်း ၂ဇွန်း)ထည့်ပြီးကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ငရုတ်သီးတောင့်နီ တို့ကို ဆီသတ်ပေးပါ။

၄။ ထို့နောက်ခရမ်းချဉ်သီး၊ ငရုတ်သီးဆီချက်၊ငါးကြင်း၊ ဆား-လက်ဖက်ရည်ဇွန်းတစ်၀က်၊ခနောကြက်သားမှုန့်-လက်ဖက်ရည်ဇွန်း တစ်၀က်၊ နှင့်ငါးကြင်း ရေမြုပ်ရုံ ထည့်ပြီး အဖုံးအုပ်ကာ တည်ထားပေးပါ။

၅။ ဆီပြန်လာလျှင် အပေါ်မှ နံနံပင်၊ ရှမ်းနံနံများအုပ်ပြီးမီးပိတ်ပေးပါ။ငါးကြင်းဆီပြန်ဟင်းလေးကိုအရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard