ပါဝင်ပစ္စည်း
- ငါးကြီးသားခြောက်............၁၅ကျပ်သား
- ကြက်သွန်နီ....................၁လုံး
- ကြက်သွန်ဖြူ. ..................၅တက်
- ခရမ်းချဉ်သီးမှည့်................၅လုံး
- ငရုတ်ခြောက်တောင့်...........၅တောင့်ခန့်
- ကြက်သွန်ဖူး....................၅ပင်ခန့်
- နံနံပင်...........................အနည်းငယ်
ချက်ပြုတ်နည်း
1. ငါးခြောက်ကိုအတုံးငယ်လေးများတုံးပြီးရေစိမ်ထားပါ။ချက်ခါနီးမှရေစင်အောင်ဆေးပြီးရေစစ်ထားပါ။
2. ကြက်သွန်နီ ၊ဖြူ၊ ၊ငရုတ်ခြောက်တောင့်တို့ကိုညှက်နေအောင်ရောထောင်းပါ။
3. ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။
4. ဒယ်အိုးတစ်လုံးမှာထောင်းထားသောအရောကိုဦးစွာထည့်ပြီးနနွင်းမှုန့်၊အရောင်တင်၊ဟင်းခတ်မှုန့်တို့ကို
ထည့်ပြီးမှလှီးထားတဲ့ခရမ်းချဉ်သီးတွေကိုအုပ်ထည့်ပေးပါ။
5. ဆီကိုဘေးပတ်လည်ကလောင်းထည့်ပြီးမီးအေးအေးမှာအဖုံးပိတ်ကာရေခမ်းဆီပြန်သည်အထိချက်ပါ။
6. အနှစ်ကျပြီဆိုမှရေဆေးထားတဲ့ငါးခြောက်အတုံးလေးတွေထည့်ကာရေခမ်းဆီပြန်သည်သည်အထိချက်ပါ။
7. ကြက်သွန်ဖူး၊နံနံပင်လေးအုပ်ပြီးမိမိနှစ်သက်ရာတို့စရာများနှင့်တွဲဖက်သုံးဆောင်ပါ။
မှတ်ချက်။ ယနေ့ကြက်သွန်ဖူးမရလို့ အရောင်စပ်လှအောင်ပဲတောင့်ရှည်လေး၃တောင့်လောက်ကို ၁လက်မအရွယ်လှီးဖြတ်ပြီးထည့်ထားပါကြောင်း။
No comments:
Post a Comment