မြေပဲဆံချက်


ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ် တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါ။


ပါဝင်ပစ္စည်းများ

  • မြေပဲဆံ(အစိမ်း) - ၅ ကျပ်သား
  • ကြက်သွန်နီ - ၁ ဥ
  • ကြက်သွန်ဖြူ - ၁ ဥ
  • ကိုင်းခရမ်းချဉ်သီး - ၄ လုံး
  • ဆီ - ၅ ကျပ်သား
  • ငရုတ်အရောင်တင်မှုန့် - စတီးဇွန်း ၂ ဇွန်း
  • ဆား - အနည်းငယ်
  • နနွင်း - အနည်းငယ်


ချက်နည်း

မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။


No comments:

Post a Comment

@templatesyard