ပါဝင်ပစ္စည်း
- ကြက်ခုတ်သား......................၅၀သား
- ကြွက်နားရွက်မှိုအခြောက်.........၅ကျပ်သား
- မုန်လာဥနီ.............................၃ လုံး
- ကြက်သွန်ဖြူအတက်ကြီး........၁၀တက်ခန့်
- ချင်....................................၁တက်
- ကြက်သွန်မြိတ်.....................၄ပင်
- ရှာကော+ပါကောမှုန့်.............၁ဇွန်း
- ပဲငံပြာအကြည်ရည်..............၂ ဇွန်း
- ငရုဆီ................................၁ ဇွန်း
- သကြား.............................၁ ဇွန်း
ချက်ပြုတ်နည်း
1. အရွယ်တော်ခုတ်ထားတဲ့ကြက်သားတွေကိုရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့နှင့်အရသာ နှပ်ထားပါ။
2. ရေစိမ်ထားတဲ့ကြွက်နားရွက်မှိုတွေကိုအညှာသင်ပြီးသင့်တော်သလိုခပ်ကြီးကြီးလှီးဖြတ်ပါ။အစိုကိုအသုံးပြု မယ်ဆိုရင်တော့(၁၅) ကျပ်သားလောက်တော့အသုံးပြုရပါလိမ့်မယ်။
3. မုန်လာဥနီကိုအခွံခွါပြီးကြက်သားတုံးအရွယ်နီးနီးခပ်ကြမ်းကြမ်းလှီးဖြတ်ပါ။
4. ကြက်သွန်ဖြူ တွေကိုလည်းအခွံခွာပြီးရေဆေးထားပါ။ချင်းကိုထက်ခြမ်းခွဲပြီးပါးပါးလှီးပါ။
5. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(၂) ဇွန်းခန့်ကိုအပူပေးပြီးမုန်လာဥနီနှင့်ကြက်သွန်ဖြူတွေကိုဆီသတ်ပြီး စစ်ထားပါ။
6. ထိုဆီထဲမွာပဲ ချင်းပြားတွေကိုဆီသတ်ပါ။မွှေးလာလျှင်ကြက်သားတွေထည့်ဆီသတ်ပါတရုတ်မဆလာ (ရှောက်ကောပါကော)ထည့်ပြီးဆီသတ်ပါ။
7. ကြက်သားအေပါ်ယံေကြာတွေတင်းလာပြီဆိုရင်ရေလေးအနည်းငယ်ထည်ပြီးအဖုံးအုပ်ထားပါ။
8. ကြက်သားတွေရေခမ်းပြီးအနံ့မွှေး၊တစ်၀က်ကျက်လောက်အချိန်မှာကြော်ပြီးဆီစစ်ထားတဲ့မုန်လာဥနီနဲ့ ကြက်သွန်ဖြူ တွေထည့်ပါ။
9. ကြွက်နားရွက်မှိုတွေကိုလည်းထည့်ပေးပါ။
10. သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။
11. အားလုံးဆတူနီးပါးနှုးလာလျှင်ကြက်သွန်မြိတ်လေးများအုပ်ပေးပါ။
No comments:
Post a Comment